• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    IGCSE & A LEVEL SCHOOL

Rain or Shine, Learning Always Continues at ILBC

ILBC Home-based Learning
(HBL)

ILBC ၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်ဖွင့်လှစ်မည့် Home-based Learning (HBL) အစီအစဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ


ILBC ကျောင်းသည် ကျောင်းသားများ အသက်အရွယ်အလိုက် ရရှိရမည့် ပညာရေး တန်းစဉ်များ မဆုံးရှုံးစေရေးနှင့် မည်သည့်အခြေအနေတွင်မဆို နောက်တစ်တန်းသို့ ဆက်လက်တက်ရောက်နိုင်ရေးအတွက် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျောင်းများနည်းတူ အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ ILBC အနေဖြင့် အိမ်တွင်နေ၍ သင်ယူရမည့် အခြေအနေများတွင် နည်းပညာဖြင့် အသုံးပြုသင်ကြားနိုင်သော Home-based Learning အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်းလုံးရှိ ကျောင်းများနည်းတူ တည်ထောင်ထားခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ILBC ကျောင်းသားများ ပညာရေးအဆက်မပြတ်စေရေးအတွက် နည်းပညာသုံးသင်ကြားသော Home-based Learning (HBL) အစီအစဉ်ဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်ကို စတင်ထားရန် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
HBL အစီအစဉ်နှင့် ပတ်သက်၍ သိရှိရမည့် သတင်းအချက်အလက်များကို အသိပေး တင်ပြအပ်ပါသည်။

ILBC Home-based Learning အစီအစဉ်ဖြင့် အိမ်တွင်နေ၍ စဉ်ဆက်မပြတ် လေ့လာနိုင်စေရန် စီစဉ်ရသည့် ရည်ရွယ်ချက်များ


    • အသက်အရွယ်အလိုက် လေ့ကျင့်တတ်မြောက်ရမည့် သင်ခန်းစာများ ပြည့်စုံစွာ ဆောင်ရွက်ပြီးမြောက်နိုင်ရန်။
    • သင်ရိုးညွှန်းတမ်းကို လျှော့၍သင်ကြားခြင်းကြောင့် နောက်ဆက်တက်မည့်အတန်းများတွင် အခက်အခဲများ ဖြစ်လာမည်ကို ရှောင်ရှားနိုင်ရန်။
    • ကျောင်းမဖွင့်နိုင်သေးသော ကာလများတွင် လေ့ကျင့်ရမည့် သင်ခန်းစာများကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက စာသင်နှစ်တစ်နှစ်တွင် ကျန်ရှိသော ကာလအတွင်း စာသင်နှစ် တစ်နှစ်စာ သင်ခန်းစာများကို ချုံ့၍ သင်ကြားရခြင်းကို ရှောင်ရှားနိုင်ရန်။
    • အသက်အရွယ်အလိုက် တန်းစဉ် ဆက်လက်တက်ရောက်နိုင်ရေးအတွက် လိုအပ်သည့် လေ့လာ သင်ယူမှုများ ပြီးမြောက်ထားနိုင်ရန်။
    • ယနေ့အချိန်အခါမှစ၍ အနာဂတ်ကာလများတွင် အွန်လိုင်းမှ သင်ယူခြင်းသည် ရှောင်လွှဲ၍မရသည့် အခြေအနေဖြစ်လာနိုင်သည့်အတွက် အွန်လိုင်းမှ သင်ယူတတ်သော ကျောင်းသားများဖြစ်လာစေရန်။
    • ကမ္ဘာ့နိုင်ငံ အသီးသီးရှိ သက်တူရွယ်တူကျောင်းသားများကဲ့သို့ မည်သည့်အခြေအနေတွင်မဆို အတန်းမနစ်နာဘဲ တန်းစဉ်တက်သွားနိုင်သည့် အခွင့်အရေးရရှိစေရန်။

 

Q1 – ILBC Curriculum ဆိုတာဘာလဲ?

  • ILBC Curriculum သည် Pearson, Edexcel, International GCSE Curriculum ကို အခြေပြုထားပါသည်။
  • ILBC Curriculum တွင် အပိုင်းနှစ်ပိုင်း ပါရှိပါသည်။ အပိုင်း (၁)သည် Core Curriculum ခေါ် ပင်မသင်ရိုးဖြစ်သည်။ အပိုင်း (၂)သည် Extended Curriculum ခေါ် တိုးချဲ့သင်ရိုး ဖြစ်သည်။

Q2 – Core Curriculum နှင့် Extended Curriculum ကိုသုံး၍ သင်ကြားသည့်အခါ ဘယ်လိုကွာသလဲ?

  • Core Curriculum ကိုသုံး၍ လေ့ကျင့်ထားသော ကျောင်းသားသည် အတန်းအရွယ်အလိုက် သိရမည့် အရာများကို သိရှိနားလည် ကြသည်။
  • Core Curriculum နှင့် Extended Curriculum ပူးတွဲ၍ လေ့ကျင့်ထားသော ကျောင်းသားသည် သိရှိနားလည်ရုံမျှမက လက်တွေ့အသုံးချတတ်သည့် အဆင့်သို့ရောက်သည်။

Q3 – Core Curriculum နှင့် Extended Curriculum သင်ရိုးနှစ်မျိုးစလုံး ပေါင်းစပ်သင်ကြားရန် အချိန်ဘယ်လောက် လိုအပ်သလဲ?

  • စာသင်ရက်ပေါင်း (၁၈၀)ထက်မနည်း လိုအပ်ပါသည်။

Q4 – Core Curriculum နှင့် Extended Curriculum သင်ရိုးနှစ်မျိုးစလုံး လေ့ကျင့်မှု မရှိလျှင် ဘာဖြစ်မလဲ?

  • နောက်စာသင်နှစ်တွင် နောက်တစ်တန်းသို့ တက်ရောက်မရနိုင်ပါ။

Q5 – နှစ်တိုင်းနှစ်တိုင်း တစ်တန်းပြီးတစ်တန်း ပုံမှန်အတန်းတက်သွားနိုင်ရန် ဘာလုပ်ရမလဲ?

  • HBL သင်ယူမှုအစီအစဉ်တွင်ဖြစ်စေ၊ ပုံမှန်သင်ယူမှုအစီအစဉ်တွင်ဖြစ်စေ၊ နှစ်မျိုးပေါင်းဖြစ်စေ ကျောင်းခေါ်ချိန် (၇၅)ရာခိုင်နှုန်းထက်မနည်း (သင်ယူမှုရက်ပေါင်း ၁၃၅ ရက်ထက်မနည်း) လေ့ကျင့်သင်ကြားရန် လိုအပ်ပါသည်။

Q6- HBL သင်ယူမှုအစီအစဉ်တွင်ဖြစ်စေ၊ ပုံမှန်သင်ယူမှုအစီအစဉ်တွင်ဖြစ်စေ၊ နှစ်မျိုးပေါင်းဖြစ်စေ ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်းထက် လျော့နည်းလေ့ကျင့်ထားသော ကျောင်းသားကို စာမေးပွဲ ဖြေဆိုခွင့် ပေး၍ရပါသလား?

  • မရပါ။

Q7 – Extended Curriculum တစ်ခုတည်းဖြင့် လေ့ကျင့်လို့ ရပါသလား?

  • Extended Curriculum သည် Core Curriculum နှင့် ပူးတွဲသင်ကြားရသောကြောင့် Extended Curriculum တစ်ခုတည်းဖြင့် လေ့ကျင့်သင်ကြား၍ မရပါ။
  • Core Curriculum တစ်ခုတည်းဖြင့် သင်ကြား‌လေ့ကျင့်နိုင်သော်လည်း Extended Curriculum တစ်ခုတည်းဖြင့် (Core Curriculum မပါဘဲ) သင်ကြား၍မရပါ။

Q8 – မည်သို့အတန်းတင်ပေးမည်လဲ?

  • HBL သင်ယူမှုအစီအစဉ်တွင်ဖြစ်စေ၊ ပုံမှန်သင်ယူမှုအစီအစဉ်တွင်ဖြစ်စေ၊ နှစ်မျိုးပေါင်းဖြစ်စေ ကျောင်းခေါ်ချိန် (၇၅)ရာခိုင်နှုန်းထက်မနည်း လေ့ကျင့်ခန်းများနှင့် သင်ခန်းစာများကို မှန်ကန်ပြီး‌မြောက်အောင် ဆောင်ရွက်ထားသော ကျောင်းသားသည် နောက်တစ်ဆင့်သို့ ဆက်လက်တက်ရောက်နိုင်သည်။

Q9 – HBL အတွက် မည်သည့်အချိန်တွင် ကျောင်းအပ်ရမည်လဲ?

  • HBL အစီအစဉ်အတွက် စာရင်းပေးသွင်းခြင်းကို မေလ (၂) ရက်နေ့မှ (၁၂) ရက်နေ့အထိ လက်ခံမည်ဖြစ်ပါသည်။ စာရင်းသွင်းရာတွင် online မှ စာရင်းပေးသွင်းရမည်ဖြစ်ပြီး Facebook page တွင် ရှိသော link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

Q10 – မေလ(၁၂) ရက်နေ့ထက် နောက်ကျစာရင်းပေးသွင်းရင် ဘာဖြစ်မလဲ?

  • အခမဲ့သင်ကြားပေးသော နှစ်ပတ်သင်တန်းတွင် ရက်ပြည့်တက်‌ရောက်နိုင်ရန် အတွက် စာရင်းပေးသွင်းနိုင်ပါရန် သတ်မှတ်ပေးထားသော မေ (၂)ရက်နေ့မှ မေ (၁၂)ရက်နေ့အတွင်း အချိန်မီစာရင်းပေးသွင်းခြင်းဖြင့် ကူညီကြပါရန် အထူးလေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
  • အချိန်မီစာရင်းပေးသွင်းသော ကျောင်းသားများသည် အခမဲ့သင်ကြားပေးသောသင်တန်းကို မေလ (၁၈)ရက်နေ့မှ စတင်၍ မေလ (၂၉) ရက်နေ့အထိ စာသင်ပတ် (၂)ပတ်ကြာ တက်ရောက်နိုင်မည်ဖြစ်ပြီး ၂၀၂၀ မေလ (၁၂)ရက်နေ့ထက် နောက်ကျစာရင်းပေးသွင်းသော ကျောင်းသားများသည် အခမဲ့သင်ကြားပေးသောသင်တန်းတွင်မေလ (၂၅)ရက်နေ့မှ မေလ (၂၉) ရက်နေ့ထိ စာသင်ပတ်(၁)ပတ်ကြာတက်ရောက်နိုင်မည် ဖြစ်ပါသည်။

Q11 – ပုံမှန်ကျောင်းပြန်ဖွင့်ရင် HBL ရှိနေဦးမလား?

  • HBL သီးသန့်သင်တန်းမရှိတော့ပါ။ ပြန်လည်ဖြည့်ဆည်းသင်ကြားခြင်းသင််တန်း (Remedial Class) နှင့် တိုးချဲ့သင်ရိုးညွှန်းတမ်း (Extended Curriculum) လုပ်ငန်းများတွင် အချိန်ပိုင်းသုံးစွဲရန်လိုအပ်ပါသည်။ 

Q12- မည်သည့်အကြောင်းကြောင့် HBL ကို သီးသန့်ဆက်လက်ထားရှိလို့မရသလဲ?

  • HBL သီးသန့်အစီအစဉ်သည် အရေးပေါ်အခြေအနေကာလ အတွက်သာ ဖြစ်သည်။
  • ကျောင်းသားများ ပညာရေးမထိခိုက်စေရေးတွက် ဆရာ ဆရာမနှင့် ဝန်ထမ်းများ အားလုံးသည် မိမိတို့၏ လစာနှင့်ခံစားခွင့်များကို အထူးလျှော့ချ၍ သင်ကြားမှုအစီအစဉ်ဖြစ်မြောက်ရန် စီစဉ်ခြင်းဖြစ်သည်။
  • ပုံမှန်ကျောင်းများ ပြန်ဖွင့်သောအခါ ဆရာ ဆရာမနှင့် ဝန်ထမ်းများသည် ပုံမှန်လစာ ခံစားခွင့်သို့ ပြန်လည်ရောက်ရှိရန် လိုအပ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ပြန်ဖွင့်ဖြစ်ပါက ပုံမှန်ကျောင်းလခကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကျောင်းလခအတိုင်း ဆက်လက်ထားရှိမည်ဖြစ်ပါသည်။

Q13 – HBL တက်ရောက်ခြင်းဖြင့် မည်သို့သော အခွင့်အလမ်းများ၊ အကျိုးရလဒ်များ ရရှိပါမည်လဲ?

HBL တက်ရောက်ခြင်းမှ ရရှိနိုင်သည့် အခွင့်အလမ်းနှင့် အကျိုးရလဒ်များစွာအနက် အချို့ကို ဖော်ပြအပ်ပါသည်။

  • HBL အစီအစဉ်ကို ကျောင်းစာသင်နှစ်အစမှ မှန်မှန်တက်ရောက်သောကျောင်းသားသည် ပုံမှန်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသည့်ကာလ တိုတောင်းသည်ဖြစ်စေ၊ ရှည်ကြာသည်ဖြစ်စေ အရွယ်အလိုက် သင်ယူလေ့ကျင့်ရမည့် သင်ခန်းစာများကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးဖြစ်၍ အတန်းနစ်နာခြင်းမရှိဘဲ နောက်တစ်တန်းသို့ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သည်။
  • သင်ရိုးညွှန်းတမ်းပါလုပ်ငန်းများကို လုပ်ဆောင်ရန် လုံလောက်သော အခွင့်အလမ်းရှိသည်။
  • ဘာသာရပ်စုံလင်စွာ လေ့ကျင့်ရန် အခွင့်အလမ်းရှိသည်။
  • ကြီးကြပ်သူဆရာ၏ တိုက်ရိုက်လမ်းညွှန်မှုရရှိသည်။
  • လက်တွေ့လေ့ကျင့်ခန်းမျိုးစုံ လုပ်ကိုင်ခွင့်ရသည်။
  • အတန်းဖော်များဖြင့် အတူတကွ သင်ယူခွင့်ရသည်။
  • အုပ်စုလိုက်လုပ်ငန်းများ လုပ်ကိုင်ရသည်။
  • အပြန်အလှန် ဆက်သွယ်ပြောဆိုရန် သင်ယူမှုပတ်ဝန်းကျင် ကောင်းရှိခြင်းကြောင့် ကျောင်းသား၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရရှိခြင်း၊ မလိုလားအပ်သော စိတ်ကူးများ မဝင်ရောက်နိုင်ခြင်း စသည်တို့ဖြစ်ထွန်းသည်။ 
  • သင်ရိုးညွှန်းတမ်းဖြင့် စနစ်တကျ ရေးဆွဲထားသော လေ့ကျင့်ခန်းများကို လုပ်ကိုင်ကြခြင်းဖြစ်၍ ကျောင်းသား၏ ပညာရေးဖွံ့ဖြိုးမှု ဆက်လက်ဖြစ်ထွန်းသည်။

လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးရလာဒ်များအဖြစ်

  • ကျောင်းသားသည် စနစ်တကျ စီမံထားသော သင်ယူမှု ပတ်ဝန်းကျင်တွင် ရှိနေသဖြင့် တည်ဆောက် ရရှိထားပြီးသော သင်ယူနေခြင်း အလေ့အထ မပျောက်ဆုံးခြင်း။
  • အိမ်အတွင်း နေထိုင်သည့်ကာလရှည်အတွင်း ထိတွေ့ဆက်ဆံနိုင်သော လုံခြုံမှုရှိသည့် လူမှုပတ်ဝန်းကျင် တစ်ခု ရှိနေခြင်း။
  • မိမိ၏လုပ်ကိုင်နိုင်သည့် စွမ်းရည်ကို ယုံကြည်မှုမြင့်မားလာခြင်း
    စသည့်အကျိုးရလာဒ်များ ရရှိမည်ဖြစ်ပါသည်။

နည်းပညာဆိုင်ရာ အကျိုးရလာဒ်များအဖြစ်

  • မျက်မှောက်ခေတ် ကျောင်းသားတိုင်း မရှိမဖြစ်လိုအပ်လာသည့် အွန်လိုင်းမှ ပညာသင်ယူမှု အတွေ့အကြုံ ကောင်းစွာရရှိခြင်း။
  • နည်းပညာကို မှန်ကန်စွာ စည်းစနစ်တကျအသုံးပြုတတ်လာခြင်း
    စသည့် အကျိုးရလာဒ်များ ရရှိမည်ဖြစ်ပါသည်။

Q14 – လစဉ်သင်တန်းကြေးကရော ဘယ်လိုသတ်မှတ်ကောက်ခံမှာလဲ?

HBL အစီအစဉ်တွင် သင်တန်းကြေးကို တစ်လချင်းကြိုတင်ပေးသွင်းရမည်ဖြစ်ပြီး လစဉ်သင်တန်းကြေးမှာ –

IGCSE Class MMK/month
Kindergarten 135,000
Primary 1 145,000
Primary 2 145,000
Primary 3 145,000
Primary 4 250,000
Primary 5 250,000
Primary 6 250,000
Secondary 1 360,000
Secondary 2 360,000
Secondary 3 360,000
Secondary 4 360,000
Secondary 5 370,000
Secondary 6 380,000

Q15 – ဆက်လက်တက်ရောက်မည်ဆိုပါက သင်တန်းကြေးကို မည်သို့ပေးသွင်းရမည်လဲ?

  • မေလအတွင်း သင်ကြားလေ့ကျင့်ပေးမှုသည် အခမဲ့ဖြစ်ပြီး ၂၀၂၀ခုနှစ် ဇွန်လအတွက် HBL သင်တန်းကြေးကို မေလ (၂၅)ရက်နေ့တွင် စတင်ပေးသွင်းရပါမည်။ သင်တန်းကြေးကို Online မှ ပေးသွင်းနိုင်ရန် အစီအစဉ်များကို အသေးစိတ် ထပ်မံ‌ကြေညာပေးပါမည်။

Q16 – HBL အစီအစဉ်တက်ရောက်ရန် မည်သည်များ လိုအပ်ပါသလဲ?

  • Mobile (Android or iOS)၊ Tablet ၊ PC or Laptop ၊ MacBook တစ်ခုခုရှိရုံဖြင့် “Microsoft Teams App” ကို အသုံးပြုနိုင်ပါသည်။
  • PC နှင့် Laptop တွင် OS Version မှာ Windows 10
  • Android  Phone နှင့် Tablet Version တွင် အနည်းဆုံး 6.0 နှင့်အထက်
  • iOS Version တွင် အနည်းဆုံး 10.0 နှင့်အထက် ဖြစ်ရပါမည်။
  • Desktop ဖြင့်သင်ကြားသင်ယူမှုပြုလုပ်မည်ဆိုပါက Microphone နှင့် Webcam ရှိရပါမည်။

Q17 – Kindergarten ကလေးများနှင့် Primary 1, Primary 2, Primary 3 ကလေးများအတွက် အဆင်ပြေပါ့မလား?

  • နွေရာသီသင်တန်းများတွင် Kindergarten, Primary 1, Primary 2, Primary 3 အရွယ်များ ပျော်ရွှင်စွာ သင်ယူခဲ့ကြပါသည်။ HBL သင်ရိုးများကို အတန်းတိုင်းအတွက် အသက်အရွယ်အလိုက် သီးခြား ‌ရေးဆွဲထားပြီး သင့်တင့်သော Screen Time များသတ်မှတ်ထားသဖြင့် သင်ယူမှုတွင် လိုက်ပါဆောင်ရွက်နိုင်ကြပါသည်။

Q18 – Primary 4, Primary 5, Primary 6 ကလေးများအတွက် အဆင်ပြေပါ့မလား?

  • ILBC ကျောင်း၏ ပုံမှန်သင်ရိုးညွှန်းတမ်းပါ လေ့ကျင့်မှုအရ ကျောင်းသားများသည် ကွန်ပျူတာ နည်းပညာကို ကောင်းစွာ တတ်ကျွမ်းသည့်အတွက် HBL မှ သင်ယူမှုတွင် အဆင်ပြေချောမွေ့စွာ ထိထိရောက်ရောက် သင်ယူနိုင်မည်ဖြစ်ပါသည်။

Q19 – Secondary 1, Secondary 2, Secondary 3, Secondary 4, Secondary 5, Secondary 6 ကျောင်းသားများ အတွက် အဆင်ပြေပါ့မလား?

  • ILBC Secondary ကျောင်းသားများသည် ကွန်ပျူတာ နည်းပညာကို ကောင်းစွာတတ်ကျွမ်းအောင် လေ့ကျင့်ထားပြီးဖြစ်သည့်အတွက် သင်ယူမှုတွင် ပို၍အဆင်ပြေချောမွေ့စွာ ထိထိရောက်ရောက် သင်ယူနိုင်မည်ဖြစ်ပါသည်။

Q20 – HBL အစီအစဉ်တွင် မိဘများပါ ပါဝင်သင်ကြားရမည်လား?

  • HBL အစီအစဉ်တွင် မိဘများ ပါဝင်သင်ကြားရန် မလိုအပ်ပါ။

Q21 – HBL အစီအစဉ်တွင် မိဘများက ဘာလုပ်ပေးရမလဲ?

  • HBL အစီအစဉ်တွင် သင်ကြားရေးအတွက် ဆရာများက အလုံးစုံတာဝန်ယူထားပြီး မိဘများအနေဖြင့် အောက်ပါတို့ကိုသာ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
    (၁) လိုအပ်သော စက်ပစ္စည်းများကို ပံ့ပိုးပေးရန် လိုပါသည်။
    (၂) စက်ပစ္စည်းများ သုံးသည့်အခါ လျှပ်စစ် ဘေးအန္တရာယ်မရှိစေရေးအတွက် ဆောင်ရွက် ပေးရန်လိုပါသည်။
    (၃) HBL အစီအစဉ်တွင် ပါဝင်သူအားလုံးလိုက်နာရမည့်  Home-based Learning Policy Guide Line ပါ အချက်အလက်များအတိုင်း ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

Q22 – အကယ်၍ စာသင်နှစ်ပြီးဆုံးသည်အထိ ကျောင်းတွေပြန်မဖွင့်ဖြစ်လို့ HBL နဲ့ဆက်သင်ဖြစ်ရင် Exam လုပ်ပြီး Result ထုတ်ပေးမှာလား? အတန်းတက်ပေးမှာလား?

  • Result ထုတ်ပြန်ပေးပါမည်။ အောင်မြင်ပါက နောက်တစ်တန်းသို့ ဆက်လက်တက်ရောက်နိုင်ပါသည်။

Q23 – HBL အစီအစဉ်ကို နောက်ကျမှ တက်ရောက်သောသူများတွက် မည်သို့စီစဉ်ထားပါသလဲ? အတန်းခွဲပါမည်လား? သင်ရိုးညွှန်းတမ်း တူမည်လား?

  • ကျောင်းပုရဝုဏ်တွင် ပြန်လည်တက်ရောက်ခွင့်မရသေးသည့် ကာလတွင် HBL တက်ရောက်မှု (၁)လ နောက်ကျပြီးမှ အပ်နှံခဲ့လျှင် အတန်းသီးခြားခွဲ၍ သင်ကြားမည်မဟုတ်ဘဲ တူညီသော သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက်သင်ယူရမည်ဖြစ်သည်။ တစ်လသင်ကြားမှုအတွက် ပျက်ကွက်သော စာသင်ရက် ရက်ပေါင်း (၂၀) အတွက် Online Remedial Class (အွန်လိုင်းပြန်လှန်သင်ကြားခြင်းအတန်း)သို့ အချိန်ပို ပြန်လည်တက်ရောက်၍ ပျက်ကွက်သင်ခန်းစာများကို ဖြည့်ဆည်းသင်ယူရမည်။ ပြန်လည်ဖြည့်ဆည်းသင်ကြားခြင်း အတွက် သင်တန်းကြေးသည် HBL သင်တန်းကြေး၏ တစ်လစာ ကျသင့်သည့်အတိုင်းပင်ဖြစ်သည်။
  • (၂)လ နောက်ကျပြီးမှ အပ်ခဲ့လျှင် အတန်းသီးခြားခွဲ၍ သင်ကြားမည်မဟုတ်ဘဲ တူညီသော သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက်သင်ယူရမည်ဖြစ်သည်။ နှစ်လသင်ကြားမှုအတွက် ပျက်ကွက်သော စာသင်ရက် ရက်ပေါင်း (၄၀) အတွက် Online Remedial Class (အွန်လိုင်းပြန်လှန်သင်ကြားခြင်းအတန်း) သို့ အချိန်ပို ပြန်လည်တက်ရောက်၍ ပျက်ကွက်သင်ခန်းစာများကို ဖြည့်ဆည်းသင်ယူရမည်။ ပြန်လည်ဖြည့်ဆည်းသင်ကြား ခြင်းအတွက် သင်တန်းကြေးသည် HBL သင်တန်းကြေး၏ (၂)လစာ ကျသင့်သည့်အတိုင်းပင် ဖြစ်သည်။

Q24 – HBL အစီအစဉ်သို့ တက်ရောက်ရန် (၂)လထက် ပိုမိုနောက်ကျပါက?

  • (၂)လထက် ပို၍နောက်ကျပါက ပြန်လည်ဖြည့်ဆည်းသင်ကြားရန် အချိန်လောက်ငှမှု မရှိခြင်းကြောင့်လည်းကောင်း၊ ကျောင်းခေါ်ချိန် (၇၅)ရာခိုင်နှုန်းပြည့်မီခြင်းမရှိခြင်းကြောင့် လည်းကောင်း ထိုကျောင်းသားအား HBL အစီအစဉ်တွင်သော်လည်းကောင်း ပုံမှန်ကျောင်းများ ပြန်ဖွင့်လျှင်သော်လည်းကောင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းလက်ခံ၍ မရနိုင်တော့ပါ၊ ထို့ကြောင့် HBL အစီအစဉ်တွင် (၂)လထက် ပိုမိုနောက်ကျမည့် ကျောင်းသားအတွက် ရှေ့ဆက်ပညာရေးအစီအစဉ်ကို မိမိတို့၏ အစီအစဉ်ဖြင့် ကြိုတင်စီစဉ်ရန် လိုအပ်မည်ဖြစ်ပါသည်။

Q25 – HBL အစီအစဉ်ကို မတက်ရောက်ဘဲ ကျောင်းပြန်ဖွင့်ချိန်မှ တက်ရောက်လိုလျှင်?

  • ကျောင်းပြန်ဖွင့်ချိန်သည် ဇွန်လဆန်းဖြစ်ခဲ့လျှင် ပုံမှန်အတိုင်း ဆက်လက်တက်ရောက် နိုင်ပါသည်။
  • ကျောင်းပြန်ဖွင့်ချိန်သည် ဇူလိုင်လဆန်း ဖြစ်ခဲ့လျှင် ပုံမှန်အတိုင်း ဆက်လက်တက်ရောက် နိုင်သော်လည်း Remedial Class (ပြန်လည်ဖြည့်ဆည်းသင်ကြားမှုအတန်း)ကို အွန်လိုင်းတွင် အချိန်ပိုပြန်လည်တက်ရောက်၍ ပျက်ကွက်သင်ခန်းစာများကို နောက်ကျသည့် (၁)လစာ သင်တန်းကြေးပေးသွင်းပြီး ဖြည့်ဆည်းသင်ယူရမည်ဖြစ်ပါသည်။ ပြန်လည်ဖြည့်ဆည်း သင်ကြားမှုသင်တန်းကြေးသည် အတန်းအလိုက် သတ်မှတ်ထားသော HBL သင်တန်းကြေး(၁)လစာနှင့် တူညီသည်။
  • ကျောင်းပြန်ဖွင့်ချိန်သည် သြဂုတ်လဆန်း ဖြစ်ခဲ့ပါက ပုံမှန်အတိုင်း ဆက်လက် တက်ရောက်နိုင်သော်လည်း Remedial Class (ပြန်လည်ဖြည့်ဆည်းသင်ကြားမှုအတန်း)ကို အွန်လိုင်းတွင် ပြန်လည်တက်ရောက်၍ ပျက်ကွက်သင်ခန်းစာများကို နောက်ကျသည့် (၂)လစာ သင်တန်းကြေးပေးသွင်းပြီး ဖြည့်ဆည်းသင်ယူရမည်ဖြစ်ပါသည်။ ပြန်လည်ဖြည့်ဆည်း သင်ကြားမှုသင်တန်းကြေးသည် အတန်းအလိုက် သတ်မှတ်ထားသော HBL သင်တန်းကြေး(၂)လစာနှင့် တူညီသည်။
  • ကျောင်းပြန်ဖွင့်ချိန်သည် သြဂုတ်လ ဒုတိယပတ်နှင့် နောက်ပိုင်းဖြစ်ခဲ့လျှင် ကျောင်းခေါ်ချိန် (၇၅)ရာခိုင်နှုန်းပြည့်မီခြင်းမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် လက်ခံ၍ မရနိုင် သောကြောင့် ရှေ့ဆက်ပညာရေး အစီအစဉ်ကို မိမိတို့၏အစီအစဉ်ဖြင့် စီစဉ်ရန် လိုအပ်မည်ဖြစ်ပါသည်။

အသေးစိတ် သတင်းအချက်အလက်များကို ထပ်မံကြေညာပါမည်။

ILBC Home-based Learning Programmme Registration ပြုလုပ်ရန် အောက်ပါလင့်ခ်သို့ဝင်ပါ။