• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    IGCSE & A LEVEL SCHOOL

ILBC Technology Integrated Learning (TIL) အစီအစဥ်ကို ၂၀၂၀ခုနှစ် ဇူလိုင်လ ၂၁ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
သင်ကြားသင်ယူမှုပြုလုပ်ရာတွင် ကျောင်းသူ/သားများနှင့် မိဘများသိရှိလိုသည့် Admission ပိုင်းဆိုင်ရာမေးခွန်းများ၊ ကျောင်းလခပေးသွင်းခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများအတွက် အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို ယခုစာမျက်နှာတွင် ဖော်ပြပေးထားပါသည်။
Admission , Cashier , IT ပိုင်းနှင့်ပတ်သက်ပြီး အသေးစိတ်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

The ILBC Technology Integrated Learning (TIL) started on 21st July 2021.
This current page provides frequently asked admission, cashier and technical information.
Feel free to see the detailed information.

Preschool အတွက် အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို
အောက်တွင် ဖတ်ရှုနိုင်ပါသည်။

1. Preschool ကို Online နဲ့ထားမယ်ဆိုရင် ကလေးအသက်ဘယ်လောက်ကစပြီး လက်ခံပါသလဲ?

ကလေးအသက် (၃) နှစ်မှစပြီး (၅) နှစ်အထိ လက်ခံပါတယ်။

2. Preschool ကို Online နဲ့ သင်မယ်ဆိုရင် သင်ကြားပေးမယ့်ဘာသာရပ်တွေကို သိချင်ပါတယ်?

သင်ကြားပေးမယ့် ဘာသာရပ်တွေက English, Maths, Music, Science, Arts and Crafts, Myanmarsar နဲ့ Chinese မှာ တစ်ခုရွေးချယ်သင်ကြားလို့ရပါတယ်။ တစ်ပါတ်တစ်ကြိမ် Live Stream အစီအစဥ်မှာတော့ ကာယဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှုအတွက် (ပုံပြောတာ၊ သီချင်းဆိုတာ၊ ကခုန်တာ၊ လေ့ကျင့်ခန်းလုပ်တာ) အစီအစဥ်တွေပါရှိပါတယ်။ အိမ်မှာလေ့ကျင့်လို့ရအောင် Music file, Phonic file story file လေးတွေလည်း Teams မှတစ်ဆင့်အပါတ်စဥ်ပေးပို့နေပါတယ်။

3. Online နဲ့သင်ကြားတဲ့အခါမှာ ကလေးတွေဘေးမှာ မိဘတွေရှိနေပေးဖို့ လိုအပ်ပါသလား?

Preschool ကလေးတွေက အရွယ်ငယ်သေးသောကြောင့် မိဘ (သို့မဟုတ်) လူကြီးတစ်ယောက်ယောက် ရှိဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာဆရာမနဲ့အတူတူ တစ်ရက်တာ သင်ခန်းစာများကို အတူတကွလုပ်ဆောင်ရမှာဖြစ်ပါတယ်။
မိဘများအနေနဲ့အိမ်မှာ သပ်သပ်ပြန်သင်ပေးစရာမလိုအောင် စီစဥ်ထားပါတယ်။

4. ကျောင်းကထုတ်ပေးတဲ့ Learning kit လေးအကြောင်း သိချင်ပါတယ်?

Learning kit ကတော့ ကလေးတွေရဲ့ ဖွံဖြိုးမှုဧရိယာအလိုက် အသက်အရွယ်အလိုက်ဖွံဖြိုးအောင် စနစ်တကျ စီစဥ်ထားတဲ့လေ့ကျင့်ခန်းများဖြစ်ပါတယ်။

5. Learning kit ကို ကျောင်းမှာလာယူရတာလား။ ကျောင်းမှ မိဘတွေဆီပို့ပေးတာလား။ Learning kit အတွက် ပိုက်ဆံထပ်ပေးရန်လိုအပ်ပါသလား?

Learning kit များကို လစဥ်လဆန်းပိုင်းများတွင် ကျောင်းမှလာယူပေးဖို့ အကြောင်းကြားသည့်အခါ မိဘများမှာ ကျောင်းတွင်လာထုတ်ယူရပါတယ် Learning kit အတွက်ပိုက်ဆံထပ်ပေးရန်မလိုပါ။

6. Online နဲ့ထားမယ်ဆိုရင် ကျောင်းချိန်နဲ့ တစ်ပတ်ဘယ်နှစ်ရက်တက်ရလဲဆိုတာ သိချင်ပါတယ်?

စာသင်ချိန်က တစ်ရက်ကိုနာရီဝက် တက်ရပါတယ်၊ တစ်ပတ်ကို ( ၅ ) ရက် ( တနင်္လာမှ သောကြာ ) အထိ တက်ရပါတယ်။

7. Online နဲ့သင်ကြားတဲ့အခါမှာ တစ်တန်းကို ကလေးဘယ်နှစ်ယောက် သတ်မှတ်ထားပါသလဲ?

အတန်းတစ်တန်းကို ကျောင်းသားဦးရေ (၉) ဦးပဲ ထားပါတယ်၊ မြန်မာစာလိုအချိန်ဆိုရင်တော့ (၁၀) ဦးကျော် ထားပါတယ်။

8. ကျောင်းလခကို ဘယ်လိုသွင်းရလဲဆိုတာသိချင်ပါတယ်။ ကျောင်းလခကောက်တာကို မိဘတွေအနေနဲ့ ဘယ်လိုသိနိုင်မလဲ? ကျောင်းကိုကိုယ်တိုင်လာသွင်းရတာလား?

ကျောင်းလခကို တစ်လချင်းစီ သွင်းရပါတယ်။ ကျောင်းလခကောက်ခံသည့် Invoice Letter ကို ကလေးအသုံးပြုသည့် Microsoft outlook mail သို့ လကုန်ခါနီး တစ်ပတ် ( သို့ ) ၅ ရက်အတွင်း ပို့ပေးပါတယ်။ Work From Home မဟုတ်သည့် ကာလများတွင် မိဘများမှ ကျောင်းသို့ကိုယ်တိုင်လာသွင်းလျှင် လက်ခံပေးပါတယ်။ Work From Home သတ်မှတ်ထားသည့်ကာလများတွင် Mobile payment မှတစ်ဆင့်ငွေသွင်းပေးဖို့ စီစဥ်ပေးထားပါတယ်။

IGCSE အတွက် အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို
အောက်တွင် ဖတ်ရှုနိုင်ပါသည်။

1. IGCSE မှာ အသက်ဘယ်လောက်ကစပြီး လက်ခံပါသလဲ?

IGCSE မှာ ကလေးအသက် (၅) ပြည့်ပီးမှစပြီး လက်ခံပါသည်။

2. IGCSE မှာဘယ်လို အတန်းတွေ ဖွင့်ထားပါသလဲ?

IGCSE မှာ ဖွင့်ထားတဲ့ အတန်းတွေကတော့ KG ကနေ Sec VI အထိ အတန်းတွေကို ဖွင့်ထားပါသည်။

3. IGCSE အတန်းတွေက ဘယ်အချိန်တွေ စဖွင့်ပါသလဲ၊ ကျောင်းဘယ်အချိန်အပ်ရပါသလဲ၊ စာသင်နှစ် ဘယ်လတွင်စပြီး ဘယ်လတွင်ပြီးပါသလဲ?

မေလဆန်းမှ စတင်၍ ကျောင်းအပ်နှံနိုင်ပြီး အတန်းအားလုံးကတော့ နှစ်စဥ် ဇွန်လ ပထမအပတ်တွင် စတင်ဖွင့်လှစ်သင်ကြားပြီး မတ်လတွင် စာသင်နှစ်တနှစ် ပြီးဆုံးပါသည်။

4. ကျောင်းအပ်နှံကာလ သတ်မှတ်ထားပါသလား?

ကျောင်းအပ်နှံကာလကို သတ်မှတ်ထားပီး သတ်မှတ်ရက်ကျော်လွန်၍ Register လုပ်သောကျောင်းသားများကို လက်ခံမည်မဟုတ်ပါ။

5. IGCSE မှာ ဘယ်ဘာသာရပ်တွေကို သင်ကြားရပါသလဲ?

သင်ကြားရမယ့်ဘာသာရပ်တွေကတော့ English, Mathematics, Science, Geography, History, Computing စသည့်ဘာသာရပ်များနှင့် Myanmarsar, Physical Education, Music and Fine Arts ဘာသာများကိုပါ သင်ကြားရပါမည်။

6. IGCSE ကျောင်းအပ်သည့်အခါ ဘာတွေ လိုအပ်ပါသလဲ?

ကျောင်းအပ်သည့်အခါမှာ ကလေး Passport size colour photo ၊ မိဘ Passport size colour photo (၁) ပုံစီ ၊ မွေးစာရင်းမိတ္တူ (သို့) သန်းခေါင်စာရင်းမိတ္တူ နှင့် နောက်ဆုံးတက်ရောက်ခဲ့သော ကျောင်း၏ ကျောင်းထောက်ခံစာများကို Register လုပ်သည့် Link တွင် ပူးတွဲ၍ပို့ပေးရပါမည်။

7. ကျောင်းဝတ်စုံဝတ်ရပါသလား?

ကျောင်းမှ သတ်မှတ်ထားသော ကျောင်းဝတ်စုံကို ပြည့်စုံစွာ ဝတ်ဆင်ရပါမည်။

8. စာသင်ခန်းတစ်ခန်းမှာ ကလေးဘယ်နှစ်ယောက်ရှိပြီး ဆရာမ ဘယ်နှစ်ယောက်ဖြင့်သင်ကြားပေးပါသလဲ?

တစ်ခန်းမှာ ကလေးဦးရေ ၂ဝ မှ ၂၅ ထိ ရှိပါတယ်။ ကလေးအသက်အရွယ်နဲ့ အတန်း Level ပေါ်မူတည်ပြီး ဆရာမ အလုံအလောက် ထည့်ပေးထားပါတယ်။

9. ကျောင်းချိန်တွေက ဘယ်အချိန်တွေပါလဲ? ဘယ်ရက်တွေတက်ရတာလဲ?

တနင်္လာမှ သောကြာထိ တက်ရပါတယ်။ KG to Primary III အချိန်ကတော့ မနက် (၉း၀၀) နာရီ မှ နေ့လည် (၃း၀၀) နာရီ ထိဖြစ်ပြီး Primary IV နှင့်အထက် အတန်းများကတော့ မနက် (၉း၀၀) နာရီ မှ ညနေ (၄း၀၀) နာရီထိ ဖြစ်ပါတယ်။

10. ကျောင်းသားများ ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ ဆောင်ရွက်ထားရှိပါသလဲ?

ကလေးကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းမှ ဆရာဝန်များနှင့် ဆက်သွယ် ဆွေးနွေးအကြံဉာဏ်တောင်းနိုင်ပါသည်။

11. ကျောင်းထောက်ခံစာ၊ ကျောင်းထွက်လက်မှတ်များ ယူလိုပါက ဘယ်ကို ဆက်သွယ်ရမလဲ?

ကျောင်းထောက်ခံစာ၊ ကျောင်းထွက်လက်မှတ်များ ယူလိုပါက သက်ဆိုင်ရာ ကျောင်းအလိုက် Hot Line (သို့) Email သို့ ဆက်သွယ်နိုင်ပါသည်။ ( Yangon Campus အတွက် ilbcrecdept@ilbc.edu.mm သို့ ဆက်သွယ်ပေးပို့တောင်းခံနိုင်ပါသည်။ )

12. ဘယ်အချိန်တွေကျောင်းကို ဆက်သွယ်စုံစမ်းနိုင်ပါသလဲ?

Front Office Hot Line များကို ရုံးချိန် နံနက် (၈း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်း ဆက်သွယ်နိုင်ပါသည်။ (အများပြည်သူပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များ မပါဝင်ပါ)

13. ကျောင်းသားအသက်နှင့် အတန်းကို ကန့်သတ်ထားပါသလား?

ကျောင်းသားအသက်နှင့် တက်ရောက်ရမည့်အတန်းကို ကျောင်းမှ သတ်မှတ်ထားမှုနှင့် ကိုက်ညီမှုရှိမှသာ လက်ခံပါမည်။

TBL အတွက် အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို
အောက်တွင် ဖတ်ရှုနိုင်ပါသည်။

1. TBL Weekend EPC အတန်းကို ဘယ်သူတွေ တက်ရောက်နိုင်သလဲ?

ILBC Weekend EPC အတန်းများမှကျောင်းသားဟောင်းများ၊ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ( ၅ ) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အားလုံး တက်ရောက်နိုင်ပါသည်။

2. ဘယ်နည်းပညာသုံးပြီး သင်ကြားမှာပါလဲ?

“Microsoft Education” ကိုအသုံးပြုပြီး Technology Based Learning ဖြင့် အွန်လိုင်းမှသင်ကြားပေးသွားပါမည်။

3. Placement Test ရှိပါသလား?

EPC ကျောင်းသားဟောင်းများအနေဖြင့်Placement Test ဖြေဆိုရန် မလိုအပ်ပါ။ ကျောင်းသားသစ်များအတွက်နောက်ဆုံးတက်ရောက်ခဲ့သော အတန်းစဥ်အပေါ်အခြေခံ၍ အသင့်လျော်ဆုံးဖြစ်မည့် Level တွင် သင်ယူရပါမည်။

4. သင်တန်းကာလ ဘယ်လောက်ကြာမလဲ၊ သင်တန်းချိန်ကရော ဘယ်ချိန်တွေပါလဲ?

သင်ကြားချိန်စုစုပေါင်းသည် နာရီ (၉၀) ခန့် ရှိမည်ဖြစ်ပြီး သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ တစ်ရက်လျှင် နံနက် (၉း၀၀) နာရီ မှ နေ့လယ် (၁း၀၀)နာရီ အထိသင်ယူရပါမည်။

5. TBL Weekend EPC အတွက် သင်တန်းကြေး?

သင်တန်း Level တစ်ခု အစအဆုံးအတွက် 300,000 ကျပ် (သုံးသိန်းကျပ်) ဖြစ်ပါသည်။
ထိုသင်တန်းကြေးကို တစ်ကြိမ်လျှင် – 150,000 ကျပ် (တစ်သိန်းငါးသောင်းကျပ်) ဖြင့် ၂ ကြိမ်ခွဲ၍ ပေးသွင်းနိုင်ပါသည်။

6. TBL Weekend EPC အတန်းပြီးဆုံးသွားတဲ့အခါ Certificate ပေးမှာလား?

TBL Weekend EPC အတန်းပြီးဆုံးသွားတဲ့အခါ ကျောင်းသားတစ်ဦးချင်းစီအတွက် သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate) ပေးအပ်သွားပါမည်။ သင်တန်းအောင်မြင်ပြီးသည့် ကျောင်းသားများအနေနှင့် နောက် Level တစ်ခုကို ဆက်လက်တက်ရောက်နိုင်ပါသည်။

ကျောင်းလခပေးသွင်းခြင်းဆိုင်ရာမေးခွန်းများအတွက် အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို
အောက်တွင် ဖတ်ရှုနိုင်ပါသည်။

1. IT ဌာနကို ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ

• IT Department – 09777711112, 09777096000, 09777098000, 09887887717 သို့ ရုံးချိန် (၈း၃၀ နာရီမှ ၁၆း၃၀ နာရီ) အတွင်း ဆက်သွယ်နိုင်ပါတယ်။
• ရုံးဖွင့်ရက်များမှာ တနင်္လာနေ့မှ စနေနေ့အထိ ဖြစ်ပါသည်။ (အများပြည်သူပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များ မပါဝင်ပါ)
• ရုံးဖွင့်ရက်ပြင်ပတွင် Technical Support Team အား ဆက်သွယ်ရန် လိုအပ်ပါက support@ilbc.edu.mm သို့ အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) နည်းပညာပိုင်းဆိုင်ရာ ကြုံတွေ့နေရသော
အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

2. Front Office နှင့် စာရင်းပေးသွင်းခြင်းအဖွဲ့ ကို ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ

• Front Office – 09400777780, 09400777790 (YGN), 09777711116 (MDY) သို့ ရုံးချိန် (၈း၃၀ နာရီမှ ၁၆း၃၀ နာရီ) အတွင်း ဆက်သွယ်နိုင်ပါတယ်။
• ရုံးဖွင့်ရက်များမှာ တနင်္လာနေ့မှ စနေနေ့အထိ ဖြစ်ပါသည်။ (အများပြည်သူပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များ မပါဝင်ပါ)
• ရုံးဖွင့်ရက်ပြင်ပတွင် Front Office နှင့် စာရင်းပေးသွင်းမှုဆိုင်ရာ အဖွဲ့အား ဆက်သွယ်ရန် လိုအပ်ပါက recdept@ilbc.edu.mm၊ သို့ အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

3. ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာနကို ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ

• 09 887887866 or 09 887887855 သို့ ရုံးချိန် (၈း၃၀ နာရီမှ ၁၆း၃၀ နာရီ) အတွင်း ဆက်သွယ်နိုင်ပါတယ်။
• ရုံးဖွင့်ရက်များမှာ တနင်္လာနေ့မှ စနေနေ့အထိ ဖြစ်ပါသည်။ (အများပြည်သူပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များ မပါဝင်ပါ)
• ရုံးဖွင့်ရက်ပြင်ပတွင် ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာနအား ဆက်သွယ်ရန် လိုအပ်ပါက cashier@ilbc.edu.mm သို့ အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

4. အတန်းအလိုက် ကျောင်းလခများ

• ရန်ကုန်မှ ကျောင်းသားများအတွက် ကျောင်းလခကို https://www.ilbcedu.com/til/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
• အခြားမြို့များမှ ကျောင်းသားများအတွက် ကျောင်းလခကို သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲရေးအဖွဲ့သို့ ဖုန်းနံပါတ် (သို့) အီးမေးလ် မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
• ကျောင်းတက်ရန် စာရင်းပေးသွင်းပြီးထားသော ကျောင်းသားများ၏ ကျောင်းလခများကို ကျောင်းသား၏ Outlook email တွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။

5. ယခု (၂၀၂၁-၂၀၂၂) ပညာသင်နှစ်တွင် ကျောင်းသားမှတ်ပုံတင်ကြေး ၄၀၀၀၀ ကျပ်ပေးသွင်းရန် လိုအပ်ပါသလဲ?

• ကျောင်းသားဟောင်းများအတွက် မှတ်ပုံတင်ကြေး ၄၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ကျောင်းသား သစ်များအတွက် မှတ်ပုံတင်ကြေး ၅၀၀၀၀ ကျပ်ပေးသွင်းရမည် ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်လျှင် တစ်ကြိမ်သာ ပေးသွင်းရမည် ဖြစ်ပါသည်။
• ပညာသင်နှစ်အစတွင် ကျောင်းသားအတွက် ဆရာမများ၊ ဝန်ထမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ သတ်မှတ်ပေးရန် စသည့် နောက်ဆက်တွဲစီမံခန့်ခွဲမှုများ ပြုလုပ်ဆောင်ရွက်ရသည်ဖြစ်ပါ၍ မှတ်ပုံတင်ကြေးပေးသွင်းရန် လိုအပ်ပါသည်။

6. မိမိကလေးရဲ့ Teams account ဘာကြောင့် blocked ဖြစ်ရတာလဲ?

• ကျောင်းသို့ ကျောင်းလခပေးသွင်းရန် ကျန်ရှိ/မရှိ စစ်ဆေးပေးရပါမည်။
• ပေးသွင်းရန် ကျန်ရှိနေသော ကျောင်းလခကို အရင်ပေးသွင်းရမည်ဖြစ်ပါသည်။
• စစ်ဆေးရာတွင်ယခင်နှစ်အကြွေးကျန်များပါ စစ်ဆေးရန်လိုပါသည်။ယခင်နှစ်အကြွေးကျန်ရှိပါကလည်း Deactivate ဖြစ်ပါသည်။
• ယခင်နှစ်ကြွေးကျန်ရှိခဲ့လျှင် ယခုနှစ်လက်ရှိ ကျောင်းလခအတွက် ရည်ရွယ်၍ ပေးသွင်းလိုက်သည့်အခါ System အရယခုသွင်းလိုက်သောငွေကို ယခုနှစ်အတွက် ပေးသွင်းခြင်းဟုမမှတ်ယူပဲ ယခင်နှစ်အကြွေးကျန်အတွက်ပေးသွင်းခြင်းဟုမှတ်ယူပါသည်။သို့ဖြစ်၍ အကြွေးကျန်အားလုံးကို ပေးသွင်းပြီးမှသာ အကောင့်ပြန်လည် Activate ဖြစ်လာမည်ဖြစ်သည်။
• Activate ဖြစ်ပြီး 24 နာရီ အတွင်း အတန်းထဲသိုပြန်ရောက်ရှိမည်ဖြစ်ပါသည်။
• အကယ်၍ မေးမြန်းစရာရှိပါက, ကျေးဇူးပြု၍ cashier@ilbc.edu.mm သို့ မေးခွန်းနှင့်အတူ အီးမေးလ်ပို့နိုင့်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

7. အကောင့်ပိတ်သွားပါက ပြန်လည် ပွင့်အောင် မည်သို့ဆောင်ရွက်ရမည်နည်း

ကျောင်းလခကြွေးကျန်အပါအ၀င် အခြားမည်သည့်အကြောင်းကြောင့်ပိတ်နေ
သည်ကို သိရှိရန်
(၁) ကျောင်း၏ Official Facebook Page Messenger https://www.facebook.com/ILBCEDU/
(၂) Official Facebook Technical Support Group https://www.facebook.com/groups/ILBCTechnicialSupportTeam/
(၃) Official Email များ ဖြစ်သော recdept@ilbc.edu.mm,cashier@ilbc.edu.mm,support@ilbc.edu.mm
(၄)Hotlineဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ IT Department – 09777711112, 09777096000, 09777098000, 09887887717
Front Office – 09400777780, 09400777790 (YGN), 09777711116 (MDY)
Cashier: 09 887887866, 09 887887855

8. ကျောင်းလခကြွေးကျန်ရှိလျှင်အကောင့်ဆက်သုံး၍မရပါ။ ကျောင်းလခကြွေးကျန် ပေးသွင်းပြီးလျှင်ပြီးချင်း အကောင့်ပြန်ပွင့်ပါသလား?

ပေးသွင်းပြီးကြောင်းအထောက်အထားချလံကို Hotline Viber တွင် လက်ခံရရှိချိန်မှစ၍ (ရုံးပိတ်ရက်များမှ အပ အလုပ်လုပ်ရက်)
၂၄ နာရီအတွင်း အကောင့်ပြန်လည်ပွင့်ပါမည်။ Hotline Viber နံပါတ်များမှာ – 09400777790, 09 887887866,
09 887887855 တို့ကိုပေးပို့ရပါမည်။

9. ကျောင်းလခပေးသွင်းနည်း

• ကျောင်းလခပေးသွင်းနည်းများကို ILBC ၏ Official Website တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
TIL Payment Information – ILBC | IGCSE & A LEVEL SCHOOL (ilbcedu.com)
• ILBC ၏ Official Facebook Page မှတဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
• ငွေစာရင်းဌာနအား ဆက်သွယ်ရန် လိုအပ်ပါက cashier@ilbc.edu.mm သို့ အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

10. ကျောင်းလခပေးသွင်းရန်အတွက် Student ID ကို ဘယ်လိုသိရမလဲ?

Student ID သည် TIL Programme တွင်တက်ရောက်ရန် ကျောင်းမှပေးပို့ထားသော ကျောင်းသားအီးမေးလ်မှ ဂဏန်းဆယ်လုံးနှင့် အတူတူဖြစ်ပါသည်။

11. မပေးသွင်းရသေးသော ကျောင်းလခဆိုတာ ဘာလဲ?

• မေးမြန်းစရာရှိပါက, ကျေးဇူးပြု၍ cashier@ilbc.edu.mm သို့ မေးခွန်းနှင့်အတူ အီးမေးလ်ပို့နိုင့်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

12. ကျောင်းလခများကို ငွေသားဖြင့် ပေးသွင်းနိုင်ပါသလား?

• ယခုဖြစ်ပွားနေသော ကပ်ရောဂါ (COVID-19) အခြေအနေအရ မိဘများ၊ ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ကျောင်းပရဝဏ်များသို့ လာရောက်၍ ကျောင်းလခပေးသွင်းခြင်းများကို ခေတ္တယာယီ ရပ်ဆိုင်းထားပါသည်။

13. ကျောင်းလခ တစ်လထက်ပို၍ ကြိုသွင်းမည်ဆိုပါက ဘယ်လိုလုပ်ရမလဲ?

• မိမိရဲ့ ဆန္ဒအလျောက် ကျောင်းလခကို ၁ လထက်ပို၍ (အများဆုံး ၃ လစာ) ကြိုတင်ပေးသွင်းနိုင်ပါသည်။
• ကျောင်းလခပေးသွင်းခြင်း အချက်အလက်တွင် Student ID ကို မှန်ကန်စွာဖော်ပြပေးထားလျှင် စာရင်းကိုင်အဖွဲ့မှ ကြိုတင်ပေးသွင်းထားသော စာရင်းအဖြစ် သတ်မှတ်ပေးထားမည်ဖြစ်ပြီး လာမည့်လများအတွက် ကျောင်းလခများကို ကြိုတင်ပေးသွင်းထားသောပမာဏထဲမှ နုတ်ပေးသွားမှာြဖစ်ပါသည်။

14. ကျောင်းလခပေးသွင်းရာတွင် Student ID မှားသွင်းမိပါက မည်သို့ ပြုလုပ်ရမည်နည်း

• ငွေစာရင်းဌာန၏ Hotline ဖုန်းနံပါတ်များဖြစ်သော 09 887 887 866 နှင့် 09 887 887 855 သို့ ရုံးဖွင့် ရက်များတွင် ရုံးချိန် (၈း၃၀ နာရီမှ ၁၆း၃၀ နာရီ) အတွင်း ဆက်သွယ်နိုင်ပါသည်။
• ကျောင်းလခပေးသွင်းထားသော အထောက်အထားကို ပြပေးရန်လိုအပ်ပါသည်။
• ရုံးဖွင့်ရက်ပြင်ပတွင် (သို့) အထက်ပါ Hotline ဖုန်းများကို ဆက်သွယ်၍ မရလျှင် cashier@ilbc.edu.mm သို့ အီးမေးလ်ပို့နိုင့်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

15. ကျောင်းလခပေးသွင်းပြီးနောက် ငွေလက်ခံဖြတ်ပိုင်းကို ဘယ်လိုရရှိနိုင်မလဲ

• ဒီဂျစ်တယ်ငွေပေးချေမှုအတွက် ငွေလက်ခံဖြတ်ပိုင်းများကို ကျောင်းလခ ပေးသွင်းမှုအား ကျောင်း၏ဘဏ်အကောင့်တွင် လက်ခံရရှိကြောင်း အတည်ပြုပြီးသည်နှင့် ဘဏ္ဍာရေးဌာနမှ ထုတ်ပေးသွားမှာ ဖြစ်ပါသည်။
• ငွေလက်ခံဖြတ်ပိုင်းများကို ကျောင်းသားများ၏ Outlook email သို့ noreply@ilbc.edu.mm မှ အီးမေးလ်ပို့ပေးသွားမှာ ဖြစ်ပါသည်။
• အထက်ပါလုပ်ဆောင်မှုများကို ငွေပေးသွင်းပြီးသည့်နောက် ၁ ရက်၊ ၂ ရက်အတွင်း (ရုံးဖွင့်ရက်) အတွင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။ အကယ်၍ ငွေပေးသွင်းမှုကို စနေနေ့၊ တနင်္ဂနွေနေ့နှင့် အများပြည်သူပိတ်ရက်များ တွင် ပြုလုပ်ခဲ့ပါက ငွေလက်ခံဖြတ်ပိုင်းရရှိရန် ရက်အနည်းငယ် ပိုကြာနိုင်ပါသည်။
• မေးမြန်းစရာရှိပါက, ကျေးဇူးပြု၍ cashier@ilbc.edu.mm သို့ မေးခွန်းနှင့်အတူ အီးမေးလ်ပို့နိုင်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။

16. ငွေတောင်းခံလွှာ မည်သို့ရရှိနိုင်မည်လဲ?

ငွေတောင်းခံလွှာကို ကျောင်းသားရဲ့ Outlook email inbox တွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ငွေတောင်းခံလွှာများကို ပြီးခဲ့သည့်လ၏ လကုန်ရက် မတိုင်မီ ၃ ရက် ၅ ရက်အတွင်း အမြဲပို့ပေးပါသည်။

17. ကျောင်းလခပေးသွင်းပြီး သော်လည်း ငွေတောင်းခံ လွှာ ရရှိလိုပါက

ငွေတောင်းခံလွှာကို ကျောင်းသားရဲ့ Outlook email inbox တွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ငွေတောင်းခံလွှာများကို ပြီးခဲ့သည့်လ၏ လကုန်ရက် မတိုင်မီ ၃ ရက် ၅ ရက်အတွင်း အမြဲပို့ပေးပါသည်။

18. ပြီးခဲ့သည့်နှစ်က ကြိုတင်ပေးသွင်းထားသော ကျောင်းလခကို ယခုနှစ်အတွက် လွှဲပြောင်းလိုလျှင် Transfer form ဖြည့်ဖို့ လိုအပ်ပါသလား?

Transfer form ဖြည့်ရန်မလိုအပ်ပါ။ လွှဲပြောင်းရန် ကြိုတင်ပေးသွင်းငွေလက်ကျန်ရှိပါက ILBC ငွေစာရင်းဌာနမှ ကြိုတင်ပေးသွင်းထားသော ကျောင်းလခထဲမှ လက်ရှိလအတွက် ကျောင်းလခကို အလိုအလျောက် နှုတ်ယူပေးသွားမှာ ဖြစ်ပါသည်။

19. ပြီးခဲ့သည့်နှစ်က ကြိုတင်ပေးသွင်းထားသော ကျောင်းလခကို ယခုနှစ်တွင် အခြားကျောင်းသားတစ်ယောက်အတွက် လွှဲပြောင်းလိုလျှင် မည်သို့ ပြုလုပ်ရမည်နည်း?

• ငွေစာရင်းဌာန၏ Hotline ဖုန်းနံပါတ်များဖြစ်သော 09 887 887 866 နှင့် 09 887 887 855 သို့ ရုံးဖွင့်ရက်များတွင် ရုံးချိန် (၈း၃၀ နာရီမှ ၁၆း၃၀ နာရီ) အတွင်း ဆက်သွယ်နိုင်ပါသည်။
• ကျောင်းလခပေးသွင်းထားသော အထောက်အထားကို ပြပေးရန်လိုအပ်ပါသည်။
• ရုံးဖွင့်ရက်ပြင်ပတွင် (သို့) အထက်ပါ Hotline ဖုန်းများကို ဆက်သွယ်၍ မရလျှင် cashier@ilbc.edu.mm သို့ အီးမေးလ်ပို့နိုင့်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်
• ကြိုတင်ပေးသွင်းထားသော ကျောင်းလခကို အခြားကျောင်းသားတစ်ဦးသို့ လွှဲပြောင်းရန် တောင်းဆိုမှုအား ILBC ကျောင်းသားရေးရာ အဖွဲ့မှ အတည်ပြုပြီးလျှင် ဘဏ္ဍာရေးအဖွဲဲ့မှ ကျောင်းလခလွှဲပြောင်းမှုအတည်ပြုကြောင်းကို သတင်းပို့ပေးသွားမှာဖြစ်ပါသည်။
• အတည်ပြုစာအရ ILBC ငွေစာရင်းအဖွဲ့သည် ကြိုတင်ပေးသွင်းထားသော ကျောင်းလခထဲမှ လက်ရှိလအတွက် ကျောင်းလခကို နှုတ်ယူပေးသွားမှာ ဖြစ်ပါသည်။

20. ကြိုတင်ပေးသွင်းထားသော ကျောင်းလခရှိလျှင် ကျောင်းမှမည်သို့စီမံပေးမည်လဲ?

ကြိုတင်ပေးသွင်းထားသောကျောင်းလခလက်ကျန်ရှိပါက ILBC ငွေစာရင်းဌာနမှ ကြိုတင်ပေးသွင်းထားသော ကျောင်းလခထဲမှ လက်ရှိလအတွက် ကျောင်းလခကို အလိုအလျောက် နှုတ်ယူပေးသွားမှာ ဖြစ်ပါသည်။

21. အတန်းရဲ့ အချိန်ဇယားကို ဘယ်မှာရယူကြည့်ရှုနိုင် မလဲ?

www.ilbcedu.com/til မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
registered ပြုလုပ်ထားသော ကျောင်းသားများ သည် မိမိ၏ သက်ဆိုင်ရာအတန်း၏ General Channel ထဲက Class Materials Folder ထဲတွင် (သို့မဟုတ်) Timetable tab တွင် ကြည့်ရှုနိုင်ပါသည်။

22. အတန်း/အခန်း မှားခြင်း အတန်းတက်ရောက်ရန် အတန်း/အခန်း မှန်အောင်ဘယ်လိုတက်ရောက်နိုင်မလဲ?

• Front Office – 09400777780, 09400777790 (YGN), 09777711116 (MDY) သို့ ဆက်သွယ်နိုင်ပါသည်။ (သို့) recdept@ilbc.edu.mm သို့ အီးမေးလ်ပို့၍လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
• Front Office Team မှ အတန်းမှားနေသည့် ကျောင်းသားအား အတည်ပြုပြီးလျှင် အတန်းမှန်တွင် သတ်မှတ်ထည့်သွင်းပေးရန် IT Team သို့ ဆက်သွယ်ပေးသွားမှာ ဖြစ်ပါသည်။

23. တက်ရမည့် အတန်းကို ရှာမတွေ့လျှင် မည်သို့ဆက်သွယ်မေးမြန်းနိုင်မလဲ?

• Front Office – 09400777780, 09400777790 (YGN), 09777711116 (MDY) သို့ ဆက်သွယ်နိုင်ပါသည် (သို့) recdept@ilbc.edu.mm သို့ အီးမေးလ်ပို့၍လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
• Front Office Team မှ အတန်းမတွေ့သည့် ကျောင်းသားအား အတည်ပြုပြီးလျှင် သက်ဆိုင်ရာအတန်းတွင် ပြန်လည်သတ်မှတ်ထည့်သွင်းပေးရန် IT Team သို့ ဆက်သွယ်ပေးသွားမှာ ဖြစ်ပါသည်။

24. ကျောင်းဝတ်စုံကို မည်သည့်နေရာတွင် မည်သို့ ဝယ်ယူနိုင်မည်နည်း?

• ယခုဖြစ်ပွားနေသော ကပ်ရောဂါ (COVID- 19) အခြေအနေအရ မိဘများ၊ ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ကျောင်းပရဝဏ်များကို ခေတ္တခဏ ယာယီပိတ်ထားပါသည်။

25. ဖတ်စာစာအုပ်များကို ဘယ်လိုရယူနိုင်မလဲ?

• ယနေ့ အချိန်အခါသည် မြန်မာနိုင်ငံတဝှမ်းလုံး ကိုဗစ်ကပ်ရောဂါများ လျှင်မြန်စွာ ကူးစက်ပြန့်ပွား လျှက်ရှိပြီး တာဝန်ရှိသူများမှလည်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် သွားလာမှုကန့်သတ် မှုများဖြင့် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
• ထိုသို့သော အခြေအနေများတွင် ကျောင်းသားများထံသို့ Textbook များပို့ဆောင်ရန်အတွက် Delivery ပို့ဆောင်ပေးသည့် လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ လက်ခံရရှိချိန် မတူညီသည့် အခြေအနေများ ဖြစ်ပေါ်နိုင်ခြင်း၊ စာအုပ်များ ဖြန့်ဝေရာမှတစ်ဆင့် ရောဂါပိုးကူးစက်ပြန့်ပွားနိုင်ခြင်း အခြေအနေများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် Textbook များကို ပို့ဆောင်ပေးခြင်းအစီအစဉ်အစား ကျောင်းသားများ လေ့လာမှုအဆင်ပြေစေရန်အတွက် ၎င်းတို့၏ TEAMS ၏ Class Materials Folder တွင် Textbook များကို Unit အလိုက် ဖတ်ရှုနိုင်စေရန် လည်းကောင်း၊ SORA Library တွင် လည်း Textbook ကို ရယူဖတ်ရှုနိုင်ရန်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။
• လက်ရှိတွင် ဆရာများအနေဖြင့် သင်ကြားရာတွင် ကျောင်းသုံး Textbook များမှ သင်ကြား သင်ယူမှုတွင် လိုအပ်သည့် Unit အလိုက် အပိုင်းများကို သက်ဆိုင်ရာ Subject Coordinator ဆရာများ၏ ကြီးကြပ်မှုဖြင့် PDF Textbook များအဖြစ်အသုံးပြုလျက်ရှိပါသည်။
• Textbook ကို TEAMS ၏ ဘာသာရပ်အလိုက် Class Materials Folder များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ သတ်မှတ်သည့် သင်ရိုးညွှန်းတမ်းအလိုက် ပြည့်စုံစွာသင်ကြား ပေးနေကြသည့်အပြင် Online မှ Educational Resources များဖြစ်သည့် Website များ၊ ဗီဒီယိုနှင့် အသံဖိုင်များ၊ worksheet များ အသုံးပြု သင်ကြားခြင်းများဖြင့် အားဖြည့်သင်ကြားပေးနေပါသဖြင့် ကျောင်းသား၏ သင်ယူမှုအတွက် ပြည့်စုံလုံလောက်မှု ရှိအောင် စီမံ၍ သင်ကြားလျက်ရှိပါသည်။

26. သင်ကြားသင်ယူမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို မည်သို့ ရရှိနိုင်မည်နည်း?

• ယခုဖြစ်ပွားနေသော ကပ်ရောဂါ (COVID-19) အခြေအနေအရ မိဘများ၊ ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ကျောင်းပရဝဏ်များသို့ လာရောက်၍ သင်ကြားသင်ယူမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ လာယူခြင်းများကို ခေတ္တခဏ ရပ်ဆိုင်းထားပါသည်။ ယခုအခါ Delivery ဝန်ဆောင်မှုပေးသော လုပ်ငန်းများလည်း ရပ်ဆိုင်းထားသည် ဖြစ်သောကြောင့် သင်ကြားသင်ယူမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်းများပေးပို့ခြင်းကို ခေတ္တရပ်ဆိုင်းထားပါ သည်။

27. ILBC သို့ လှူဒါန်းမှုပြုလုပ်လိုလျှင် မည်သို့ပြုလုပ်နိုင်သနည်း?

ကျေးဇူးတင်ပါသည်။ ထပ်မံဆွေးနွေးမှုပြုလုပ်ရန် recdept@ilbc.edu.mm သို့ ဆက်သွယ်နိုင်ပါသည်။

28. မည်သည့်ကျောင်းသားအတွက် မည်သည့်နှစ်တွင် အမည်/ကုမ္ပဏီ၏အမည်အောက်တွင်ပညာသင်ဆုပေးလိုပါက မည်သို့ပြုလုပ်ရမည်နည်း?

ကျေးဇူးတင်ပါသည်။ ထပ်မံဆွေးနွေးမှုပြုလုပ်ရန် recdept@ilbc.edu.mm to သို့ ဆက်သွယ်နိုင်ပါသည်။

29. ILBC ဝန်ထမ်းများအား ကျေးဇူးတင်မှုကိုမည်သို့ပြလုပ်နိုင်မည်လဲ?

သင့်၏ ကျေးဇူးတင်ရှိကြောင်းစာကို recdept@ilbc.edu.mm သို့ အီးမေးလ်ပေးပို့နိုင်ပါ သည်။ သင်၏ ကျေးဇူးတင်မှုအား ဝန်ထမ်းများသို့ ထပ်ဆင့်ပြောပေးမှာ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

နည်းပညာပိုင်းဆိုင်ရာ မေးခွန်းများအတွက် အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို
အောက်တွင် ဖတ်ရှုနိုင်ပါသည်။

1. IT ဌာနကို ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ

• IT Department – 09777711112, 09777096000, 09777098000, 09887887717 သို့ ရုံးချိန် (၈း၃၀ နာရီမှ ၁၆း၃၀ နာရီ) အတွင်း ဆက်သွယ်နိုင်ပါတယ်။
• ရုံးဖွင့်ရက်များမှာ တနင်္လာနေ့မှ စနေနေ့အထိ ဖြစ်ပါသည်။ (အများပြည်သူပိတ်ရက်များနှင့် ကျောင်းပိတ်ရက်များ မပါဝင်ပါ)
• ရုံးဖွင့်ရက်ပြင်ပတွင် Technical Support Team အား ဆက်သွယ်ရန် လိုအပ်ပါက support@ilbc.edu.mm သို့ အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) နည်းပညာပိုင်းဆိုင်ရာ ကြုံတွေ့နေရသော
အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

2. Microsoft Teams ကို ဘယ် Device တွေနဲ့ အသုံးပြုနိုင်သလဲ?

• Mobile (Android or iOS) ၊ Tablet (Android or iOS) ၊ Laptop ၊ Desktop (Windows, Mac, Linux) နှင့် MacBook တစ်ခုခု စသည့် Device မျိုးစုံဖြင့် အသုံးပြုနိုင်ပါသည်။

3. ILBC TIL တက်ရောက်ရန် ကွန်ပျူတာအသစ်ဝယ်မည်ဆိုပါက မည်သည့် ကွန်ပျူတာအမျိုးအစား ဝယ်သင့်ပါသလဲ?

• ကွန်ပြူတာအသစ်ဝယ်မည်ဆိုပါက Computer Processor Dual Core နှင့် အထက်ရှိရပါမည်။
• Solid State Drives “SSD” ပါပါက ပိုပြီး အဆင်ပြေပါသည်။
• Operating System မှာ Microsoft Windows 10 ဖြစ်ရပါမည်။
• Memory 4GB နှင့်အထက် ရှိရမည်။
• Microphone နှင့် Web Cam ရှိရပါမည်။

4. Microsoft Teams App ကို သုံးမယ်ဆိုရင် ဘာတွေ လိုအပ်မလဲ?

• PC နှင့် Laptop တွင် OS Version မှာ Windows 10 Pro ကို အသုံးပြုပါက ပိုအဆင်ပြေပါသည်။
• Android Phone နှင့် Tablet Version တွင် အနည်းဆုံး 6.0 နှင့်အထက်ရှိရမည်။
• iOS Version တွင် အနည်းဆုံး 10.0 နှင့်အထက် ဖြစ်ရပါမည်။

5. Microsoft Account တစ်ခုကို Device ဘယ်နှခုနှင့် အသုံးပြုနိုင်ပါမည်လဲ?

• Device အားလုံးတွင် Microsoft Office 365 ကို install လုပ်နိုင်ပြီး Microsoft Account တစ်ခုကို Device (၅) ခု အများဆုံး အသုံးပြုနိုင်ပါသည်။
• စာသင်ကြားခြင်းနှင့် Meeting ပြုလုပ်ခြင်းအချိန်များမှလွဲ၍ ကျန်အခြေအနေများတွင် Device တစ်ခုထက်ပို၍ အသုံးပြုနိုင်ပါသည်။

6. “Microsoft Teams App” ကို Download ရယူရန် ဘယ်လိုလုပ်ဆောင်နိုင်မလဲ?

• မိမိအသုံးပြုမည့် Device အမျိုးအစားအလိုက် အောက်ပါလင့်ခ်မှတစ်ဆင့် Download ရယူပါ။
• Mobile
– iOS https://aka.ms/iosteams
– Android Phone https://aka.ms/androidteams
• Laptop (Window or MacBook)
https://teams.microsoft.com/downloads

7. Microsoft Teams သို့ မည်သို့ ဝင်ရောက်ရမလဲ?

Microsoft Teams App ကို ဖွင့်ပါ။ ပြီးလျှင်
• ကျောင်းမှ ပေးပို့ထားသည့် ဂဏန်းဆယ်လုံးပါဝင်သည့် Username ( ဥပမာ – 1234567890@ilbc.edu.mm ) နှင့် Password ကိုသုံးပြီး Login လုပ်ရပါမယ်။
• ပထမဆုံး Login ဆိုလျှင် ကိုယ်ပိုင် Password ပြန်ပြောင်းပေးရပါမယ်။ (Password တွင် စာလုံးအကြီး၊ အသေး၊ ဂဏန်းနှင့် သင်္ကေတများပါဝင်သည့် အနည်းဆုံး စာလုံးအရေအတွက် (၈) လုံးပါရှိရမှာဖြစ်ပါတယ်။
• Region ၊ ဖုန်းနံပါတ်နှင့် Email ဖြည့်ပေးရပါမယ်။
• Tutorial video link – https://youtu.be/YhvIqP9k-w0

8. ILBC မှ ကျောင်းသားများရဲ့ Account များ လုံခြုံမှုရှိစေရန် Security ပိုင်းမြှင့်ထားပါသည်။ ထို့ကြောင့် ကျောင်းသားများရဲ့ Computer မှာ “Use the Microsoft Authenticator app to scan the QR code” ပေါ်လာတဲ့အခါမှာ ဘယ်လိုလုပ်ရမလဲ?

• Google (သို့) Microsoft Edge Browser တစ်ခုခုမှတဆင့် Microsoft365 ဟုရိုက်ပြီးလျှင် Student ID နှင့် Password ထည့်ပြီး Microsoft365 တွင် Sign in လုပ်ပေးပါ။
• “More information required” ဆိုသည့် Box လေးပေါ်လာရင် ဘေးက “Next” ကို နှိပ်ပါ။
• ပေါ်လာသည့်အဆင့်များတွင် “Next” ကို နှိပ်ပါ။ (မိမိဖုန်းထဲတွင် Microsoft Authenticator App ကို Install လုပ်ပေးထားပါ)
• QR Code ပေါ်လာရန် “Next” ကိုနှိပ်ပါ။
• ဖုန်းထဲက Microsoft Authenticator App ကိုဖွင့်ပြီး Add Account ကိုနှိပ်ပြီး Work or School Account ကိုရွေးပြီး Scan a QR code ကို နှိပ်ပါ။
• Laptop မှာ ပေါ်နေတဲ့ QR code ကို ဖုန်းထဲ Microsoft Authenticator App ကနေ Scan ဖတ်ပြီး ဖုန်းကနေ Approve လုပ်ပြီး Done နှိပ်ပေးရပါမယ်။
• အောက်မှာဖော်ပြထားသောလင့်ခ်မှတဆင့် အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/Q8OzabuNwHI

9. Microsoft Teams ၏ Meeting တွင် နောက်ခံ Background ကို အသုံးပြုရာတွင် ILBC TIL မှ သတ်မှတ်ပေးထားသော Background ကို မည်သို့ ပြောင်းရမလဲ?

• ILBC Background ကို အောက်ပါလင့်ခ်တွင် Download ရယူပါ။
https://bit.ly/New_Team_Background
• Download ပြုလုပ်ပြီးပါက Microsoft Teams Meeting တွင် Meeting ၏ အပေါ်ဆုံးဘားတွင် တွေ့ရှိရသော More action (…) အစက်သုံးစက်ကို နှိပ်ပြီး Show Background Effects ကိုနှိပ်ပါ။
• ပြီးလျှင် Add new ကိုသွား၍ မိမိ Download ပြုလုပ်ထားသော ILBC Background ကို ရွေးရပါမယ်။
• အကယ်၍ အထက်ပါလုပ်ဆောင်ချက်များပြုလုပ် သော်လည်း အဆင်မပြေပါက ကျောင်းသားအိုင်ဒီ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့်တကွ support@ilbc.edu.mm သို့ Email ပို့၍ မေးမြန်းနိုင်ပါသည်။

10. Cache တွေကို ဘယ်လိုရှင်းရမလဲ?

• Windows key နှင့် “r” ကို တွဲနှိပ်ပေးပါ။
• Run box မှာ %appdata%\Microsoft\Teams ကို Copy/ Paste လုပ်ပါ။
• ထို့နောက် ပေါ်လာသော Folders အားလုံးကို Select မှတ်ပြီး Delete လုပ်ပါ။

11. ကွန်ပျူတာတွင် “We run into a problem on screen and cannot run Teams” ဆိုသည့် Error တက်ရင် ဘယ်လို လုပ်ရမလဲ?

• Microsoft Teams Software ကို Uninstall လုပ်ပေးပါ။ ပြီးလျှင် Cache ဖိုင်တွေရှင်းပြီး Microsoft Teams Software ကို Install ပြန်လုပ်ပေးပါ။
• အထက်ပါဆောင်ရွက်ချက်များ ပြုလုပ်သော်လည်း မရပါက Microsoft Teams ကို VPN ခံပြီး သုံးကြည့်ပေးပါ။
• မှတ်ချက်။ ။ VPN တစ်ခါသုံးပြီးပါက ထပ်ပြီး အသုံးပြုရန်မလိုအပ်ပါ။

12. Class Timetable ကို ဘယ်မှာကြည့်နိုင်မလဲ?

www.ilbcedu.com/til မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
• Registered ပြုလုပ်ထားသော ကျောင်းသားများ သည် မိမိ၏ သက်ဆိုင်ရာအတန်း၏ General Channel ထဲက Class Materials Folder ထဲတွင် (သို့မဟုတ်) Timetable Tab တွင် ကြည့်ရှုနိုင်ပါသည်။

13. မိမိကလေးရဲ့ Teams Account ဘာကြောင့် Blocked ဖြစ်ရတာလဲ?

• ကျောင်းသို့ ကျောင်းလခပေးသွင်းရန် ကျန်ရှိ/မရှိ စစ်ဆေးပေးရပါမည်။
• ပေးသွင်းရန် ကျန်ရှိနေသော ကျောင်းလခကို အရင်ပေးသွင်းရမည်ဖြစ်ပါသည်။
• စစ်ဆေးရာတွင်ယခင်နှစ်အကြွေးကျန်များပါ စစ်ဆေးရန်လိုပါသည်။ ယခင်နှစ်အကြွေးကျန်ရှိ ပါကလည်း Deactivate ဖြစ်ပါသည်။
• ယခင်နှစ်ကြွေးကျန်ရှိခဲ့လျှင် ယခုနှစ်လက်ရှိ ကျောင်းလခအတွက် ရည်ရွယ်၍ ပေးသွင်းလိုက်သည့်အခါ System အရ ယခုသွင်းလိုက်သောငွေကို ယခုနှစ်အတွက် ပေးသွင်းခြင်းဟု မမှတ်ယူပဲ ယခင်နှစ်အကြွေးကျန် အတွက် ပေးသွင်းခြင်းဟု မှတ်ယူပါသည်။ သို့ဖြစ်၍ အကြွေးကျန်အားလုံးကို ပေးသွင်းပြီးမှသာ အကောင့်ပြန်လည် Activate ဖြစ်လာမည်ဖြစ်သည်။
• Activate ဖြစ်ပြီး 24 နာရီ အတွင်း အတန်းထဲသို့ ပြန်ရောက်ရှိမည်ဖြစ်ပါသည်။
• အကယ်၍ မေးမြန်းစရာရှိပါက, ကျေးဇူးပြု၍ cashier@ilbc.edu.mm သို့ မေးခွန်းနှင့်အတူ အီးမေးလ်ပို့နိုင်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

14. အကောင့်ပိတ်သွားပါက ပြန်လည်ပွင့်အောင် မည်သို့ ဆောင်ရွက်ရမည်နည်း?

ကျောင်းလခကြွေးကျန်အပါအ၀င် အခြားမည်သည့်အကြောင်းကြောင့်ပိတ်နေ
သည်ကို သိရှိရန်
(၁) ကျောင်း၏ Official Facebook Page Messenger https://www.facebook.com/ILBCEDU/
(၂) Official Facebook Technical Support Group https://www.facebook.com/groups/ILBCTechnicialSupportTeam/
(၃) Official Email များ ဖြစ်သော recdept@ilbc.edu.mm, cashier@ilbc.edu.mm, support@ilbc.edu.mm
(၄)Hotlineဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ IT Department – 09777711112, 09777096000, 09777098000, 09887887717
Front Office – 09400777780, 09400777790 (YGN), 09777711116 (MDY)
Cashier: 09 887887866, 09 887887855

15. ကျောင်းလခကြွေးကျန်ရှိလျှင် အကောင့်ဆက်သုံး၍မရပါ။ ကျောင်းလခကြွေးကျန် ပေးသွင်းပြီးလျှင်ပြီးချင်း အကောင့်ပြန်ပွင့်ပါသလား?

• ပေးသွင်းပြီးကြောင်းအထောက်အထားချလံကို Hotline Viber တွင် လက်ခံရရှိချိန်မှစ၍ (ရုံးပိတ်ရက်များမှ အပ အလုပ်လုပ်ရက်)
• ၂၄ နာရီအတွင်း အကောင့်ပြန်လည်ပွင့်ပါမည်။ Hotline Viber နံပါတ်များမှာ – 09400777790, 09 887887866, 09 887887855 တို့ကို ပေးပို့ရပါမည်။

16. Teams Meeting မှာ Echo သံ ထွက်နေရင် ဘယ်လိုလုပ်မလဲ?

• Meeting တစ်ခုတည်းတွင် Device နှစ်ခု အသုံးပြုထားသော်လည်းကောင်း၊ တူညီသည့် Meeting တစ်ခုတည်းတွင် ကျောင်းသားနှစ်ယောက် တစ်နေရာတည်းမှ တစ်ချိန်တည်း အသုံးပြုထားသော်လည်းကောင်း ထိုအချိန်တွင် Echo ဖြစ်တတ်ပါသည်။ သို့ဖြစ်ပါ၍ တစ်အိမ်တည်း အတန်းတူကျောင်းသားနှစ်ယောက် ရှိပါက Device တစ်ခုတွင် Microphone ရော Speaker ရော ပိတ်ရပါမည်။
• အကယ်၍ အထက်ပါလုပ်ဆောင်ချက်များပြုလုပ် သော်လည်း အဆင်မပြေပါက ကျောင်းသားအိုင်ဒီ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့်တကွ support@ilbc.edu.mm သို့ Email ပို့၍ မေးမြန်းနိုင်ပါသည်။

17. Teams Meeting မှာ Noise တွေကို ဘယ်လိုလျော့ချမလဲ?

• Microsoft Teams ၏ အပေါ်ညာဘက်တွင် ရှိသော Profile ကို နှိပ်ပြီး Manage Account ကို ရွေးပါ။ ထို့နောက် Devices ထဲက Noise Suppression ကို High ထားပေးပါ။
https://youtu.be/DMtWR-SQd68

18. Teams မှာ Join button မပေါ်ခဲ့ရင် ဘယ်လိုလုပ်မလဲ?

• ပထမဦးဆုံး မိမိအသုံးပြုနေသော Computer မှာ အချိန် နှင့် Timezone မှန်/ မမှန် အရင် စစ်ပေးပါ။
• မြန်မာနိုင်ငံတွင် နေထိုင်သည့်ကျောင်းသားများအတွက် Join Button မပေါ်ပါက မိမိ၏ Teams Calendar ထဲမှတဆင့် Meeting Join နိုင်ပါသည်။
• Windows key နှင့် “r” ကို တွဲနှိပ်ပေးပါ။
• Run box မှာ “control” ဟု ရိုက်ပေးပါ။
• Clock and Region ထဲမှ Change the time zone ကို ရွေးပြီး Change time zone (UTC+06:30) Yangon (Rangoon) ကို ရွေးပေးပါ။
• ထို့နောက် ကွန်ပျူတာကို Restart လုပ်ပါ။

19. Microsoft Teams မှာ "Join a team with code" ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ?

• ပထမဆုံး Microsoft Teams ကို Sign out / Sign in လုပ်ပေးပါ။
• အကယ်၍ အထက်ပါလုပ်ဆောင်ချက်များပြုလုပ် သော်လည်း အဆင်မပြေပါက ကျောင်းသားအိုင်ဒီ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့်တကွ support@ilbc.edu.mm သို့ Email ပို့၍ မေးမြန်းနိုင်ပါသည်။
• သက်ဆိုင်ရာ ILBC Academic Technical Support Team သို့ ဖုန်းဆက်သွယ် မေးမြန်း နိုင်ပါသည်။
• ထို့ပြင် ILBC Official Facebook Page မှလည်း Message ပေးပို့၍ မေးမြန်းနိုင်ပါသည်။
• ကျောင်းသား ID ပြောပြပေးရန် လိုအပ်ပါသည်။

20. Account lock ဖြစ်နေရင် ဘယ်ကို ဆက်သွယ်ရမလဲ?

• ကျောင်းသို့ ကျောင်းလခပေးသွင်းရန် ကျန်ရှိ/မရှိ စစ်ဆေးပေးရပါမည်။
• ပေးသွင်းရန် ကျန်ရှိနေသော ကျောင်းလခကို အရင်ပေးသွင်းရမည်ဖြစ်ပါသည်။ စစ်ဆေးရာတွင်ယခင်နှစ်အကြွေးကျန်များပါ စစ်ဆေးရန်လိုပါသည်။
• ယခင်နှစ်အကြွေးကျန်ရှိပါကလည်း Deactivate ဖြစ်ပါသည်။ ယခင်နှစ်ကြွေးကျန်ရှိခဲ့လျှင် ယခုနှစ်လက်ရှိ ကျောင်းလခအတွက် ရည်ရွယ်၍ ပေးသွင်းလိုက်သည့်အခါ System အရ ယခုသွင်းလိုက်သောငွေကို ယခုနှစ်အတွက် ပေးသွင်းခြင်းဟုမမှတ်ယူပဲ ယခင်နှစ်အကြွေးကျန်အတွက်ပေးသွင်းခြင်းဟုမှတ်ယူပါသည်။ သို့ဖြစ်၍ အကြွေးကျန်အားလုံး ကို ပေးသွင်းပြီးမှသာ အကောင့်ပြန်လည် Activate ဖြစ်လာမည်ဖြစ်သည်။
• Activate ဖြစ်ပြီး 24 နာရီ အတွင်း အတန်းထဲသို့ ပြန်ရောက်ရှိမည်ဖြစ်ပါသည်။
• အကယ်၍ မေးမြန်းစရာရှိပါက, ကျေးဇူးပြု၍ cashier@ilbc.edu.mm သို့ မေးခွန်းနှင့်အတူ အီးမေးလ်ပို့နိုင်ပြီး ရုံးဖွင့်ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) နည်းပညာပိုင်းဆိုင်ရာ ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

21. Account Activation လုပ်ပြီးရင် ဘယ်လောက်စောင့်ရမလဲ?

• ပေးသွင်းပြီးကြောင်းအထောက်အထားချလံကို Hotline Viber တွင် လက်ခံရရှိချိန်မှစ၍
• (ရုံးပိတ်ရက်များမှ အပ အလုပ်လုပ်ရက်) ၂၄ နာရီအတွင်း အကောင့်ပြန်လည်ပွင့်ပါမည်။ Hotline Viber
• ပေးသွင်းပြီးကြောင်းအထောက်အထားချလံကို Hotline Viber တွင် လက်ခံရရှိချိန်မှစ၍ (ရုံးပိတ်ရက်များမှ အပ အလုပ်လုပ်ရက်) ၂၄ နာရီအတွင်း အကောင့်ပြန်လည်ပွင့်ပါမည်။ Hotline Viber နံပါတ်များမှာ – 09400777790, 09 887887866, 09 887887855 တို့ကိုပေးပို့ရပါမည်။

22. Password မေ့သွားလျှင် ဘယ်လိုလုပ်ရမလဲ?

• မိမိရဲ့ ကိုယ်ပိုင် Password ကိုမမှတ်မိပါက Forgot Password ကိုနှိပ်ပါ။
• ပြီးလျှင် Email or Username ဆိုသည့်နေရာမှာ Password မေ့သွားသည့် မိမိရဲ့ အကောင့်ကို ထည့်ပေးပါ။
• Auto ပေါ်နေသည့် Character လေးတွေကို မှန်အောင်ရိုက်ထည့်ပေးပါ။
• ထို့နောက် မိမိအကောင့်ထဲသို့ ပထမဦးဆုံးအကြိမ် Login ဝင်ရောက်စဥ်က Authentication အဆင့်တွင်ဖြည့်သွင်းခဲ့သော ဖုန်းနံပါတ်ကို ရွေးပါ။
• ဖုန်းနံပါတ်သို့ဝင်ရောက်လာသော Verification Code ကို မှန်ကန်စွာဖြည့်စွက်ပါ။
• ထို့နောက်တွင် မိမိနှစ်သက်ရာ Password အသစ်ကို ပြုလုပ်နိုင်ပါသည်။
• Password အသစ်ပြုလုပ်ရာတွင်
Password တွင် အနည်းဆုံး ဂဏန်း (၁)လုံး၊ အင်္ဂလိပ်အက္ခရာ စာလုံးအကြီး (၁)လုံးနှင့် အင်္ဂလိပ်အက္ခရာ စာလုံးအသေး (၁)လုံး ပါဝင်ရပါမည်။ (စုစုပေါင်းဂဏန်းနှင့် စာလုံးအရေအတွက် အနည်းဆုံး ၈လုံးနှင့်အထက် ရှိရပါမည်။)
• အထက်ပါဆောင်ရွက်ချက်များပြုလုပ်သော်လည်း အဆင်မပြေပါက support@ilbc.edu.mm သို့ ကျောင်းသားအိုင်ဒီနှင့်အတူ အီးမေးလ်ပို့၍ မေးမြန်းနိုင်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

23. Microsoft Office Applications များ Error တက်ပြီးဖွင့်မရရင် ဘယ်လိုလုပ်ရမလဲ?

• Application Errors များရှိပါက Web Browser တွင် သွားရောက် အသုံးပြုနိုင်ပါသည်။
• Browser (Microsoft Edge, Google Chrome) ကနေ www.office.com ကိုသွားပြီး ကျောင်းသားရဲ့ Username နဲ့ Password ကိုရိုက်ပြီး Sign in ဝင်ပြီး Teams, Outlook, OneDrive, One Note, Word, PowerPoint, Excel စသည်တို့ကို ဝင်ရောက် အသုံးပြုနိုင်ပါသည်။
• Application Errors များကို Service Centre သို့ သွားရောက်ပြုပြင်ပေးရပါမည်။
• အထက်ပါဆောင်ရွက်ချက်များပြုလုပ်သော်လည်း အဆင်မပြေပါက support@ilbc.edu.mm သို့ ကျောင်းသားအိုင်ဒီနှင့်အတူ အီးမေးလ်ပို့၍ မေးမြန်းနိုင်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) နည်းပညာပိုင်းဆိုင်ရာ ကြုံတွေ့နေရသော အခက်အခဲ
(၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

24. Outlook email ဘယ်လိုဝင်ရမလဲ?

• Browser (Microsoft Edge, Google Chrome) ကနေ www.office.com ကိုသွားပြီး ကျောင်းသားရဲ့ Username နဲ့ Password ကိုရိုက်ပြီး Sign in လုပ်ပေးပါ။
• ပြီးလျှင် ဘယ်ဘက်ဘေးမှာရှိသည့် Bar ထဲက Outlook app ဆိုတာကို ဝင်လိုက်ပြီး Email စစ်နိုင်ပါပြီ။
• “Outlook App” ကိုဝင်သည့်အခါ Time Zone ကိုဖြည့်စွက်ခိုင်းပါက Time Zone in Myanmar – Yangon (GMT + 6:30) ကိုထည့်ပါ။
• Window 10 တွင် Mail app ကိုအသုံးပြု၍ Outlook email စစ်နိုင်ပါသည်။
• Window 10 တွင် Email Setup ပြုလုပ်နည်းကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။
https://bit.ly/OutlookEmail_setup
• Mobile တွင် Email Setup ပြုလုပ်နည်းကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/ZidZCPDgkfc

25. သင်ကြားသင်ယူမှုပြုရာ၌ Internet Speed ဘယ်လောက်ရှိဖို့လိုအပ်မလဲ?

• သင်ကြားသင်ယူမှုပြုရာ၌ Internet Speed သည် 1Mbps နှင့်အထက် ရှိလျှင် ပို၍ အဆင်ပြေပြီး Mobile Data Hotspot ဖြင့် လည်း အသုံးပြုနိုင်ပါသည်။ မိမိ၏ Internet Speed ကို https://fast.com/ တွင်ဝင်ရောက်စစ်ဆေးနိုင်ပါသည်။

26. Internet ကုန်ကျစရိတ် သက်သာအောင် ဘယ်လိုလုပ်ရမလဲ?

• Windows 10 တွင် WiFi icon ကို သွားပြီး မိမိအသုံးပြုနေသော WiFi name ၏ Properties ကိုနှိပ်ပါ။ ပြီးလျှင် Metered Data Connection ကို “On” ပေးရပါမည်။
https://www.youtube.com/watch?v=9POyk8Vmn3I

27. Windows နှင့် Mac တို့တွင် Sora Library ကို ဘယ်လိုဝင်ရမလဲ?

https://soraapp.com/ သို့ဝင်ပါ။
• “Find my school” ကို နှိပ်ပါ။
• တည်နေရာကို “Myanmar” ဟုရွေးပါ။
• ILBC ကို ရွေးပြီး ကျောင်းမှဖွင့်ပေးထားသော မိမိတို့၏ကိုယ်ပိုင် Microsoft Account နှင့် Login ဝင်ပါ။
• မှတ်ချက်။ ။ VPN အသုံးပြုရန်မလိုအပ်ပါ။

28. Tablet နှင့် Smart Phone တို့တွင် Sora Library ကို ဘယ်လိုဝင်ရမလဲ?

• Apple App Store, Google Play Store, soraapp.com တို့မှတဆင့် (Sora / OneDrive) ဖြင့် Sora App ကို Installလုပ်ပါ။
• App ကို Download လုပ်ပြီးပါက ILBC e-Library Home Page သို့ဝင်ရောက်ရန်
• Mobile Web Browser ( https://soraapp.com/library/ilbcedu )ကိုအသုံးပြုပြီး အောက်ပါ Link တွင်ဖော်ပြထားသည့်အတိုင်း ပြုလုပ်ပါ။
• ILBC ကျောင်းမှဖွင့်ပေးထားသော မိမိတို့၏ကိုယ်ပိုင် Microsoft Account နှင့် Login ဝင်ပါ။

29. Sora Library ကို ဘယ်လိုအသုံးပြုရမလဲ?

• Sora Library သို့ဝင်ပါ။
• Tab ကို ရွေးချယ်ပြီး နှစ်သက်ရာစာအုပ်ကို ငှားယူနိုင်ပါသည်။ ထို့နောက်တွင် ဖတ်ရှုရန် ရွေးချယ်ထားသည့် စာအုပ်ပွင့်လာမည်ဖြစ်ပြီး စတင်ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
• စာအုပ်ကို ပိတ်လိုက်ပြီးနောက် Assignment များအပါအဝင် မိမိ၏စာအုပ်အားလုံးကို ကြည့်ရှုနိုင်ပါသည်။
• ထိုနေရာမှတဆင့် –
• စာအုပ်ဖတ်ရန် နှင့် စာသားကို နားထောင်ရန်အတွက် Open Book (သို့မဟုတ်) Open Audiobook ကိုရွေးချယ်ပါ။
• စာအုပ်အသစ်ဖတ်ရန်၊ စာအုပ်အဟောင်းကိုနောက်တစ်ကြိမ် ပြန်ဖတ်ရန်၊ မှတ်စုများ/ Highlights များကို ပြန်လည်ဖတ်ရှုနိုင်ရန်နှင့် အခြားသော ရွေးချယ်စရာများအတွက် Options ကိုရွေးချယ်ပါ။

30. Invoice ကို ဘယ်မှာကြည့်နိုင်မလဲ?

• Invoice ကို ကျောင်းသားရဲ့ Outlook email နှင့် မိဘ Email များကိုပို့ပေးတာဖြစ်လို့ Outlook email တွင် ကြည့်နိုင်ပါတယ်။
• ငွေတောင်းခံလွှာများကို ပြီးခဲ့သည့်လ၏ လကုန်ရက် မတိုင်မီ ၃ ရက် ၅ ရက်အတွင်း အမြဲပို့ပေးပါသည်။

31. ကျောင်းလခပေးသွင်းပြီးကြောင်း အထောက်အထားကို ဘယ်ကိုပို့ပေးနိုင်သလဲ?

• ကျောင်းလခပေးသွင်းပြီးကြောင်း အထောက်အထားကို ငွေစာရင်းဌာန၏ ဖုန်းနံပါတ်များဖြစ်သော 09400777790, 09887887855, 09887887866 နှင့် 09887887757 သို့ Viber မှတဆင့် ပေးပို့နိုင်ပါတယ်။

32. Microsoft Activation Problem ပေါ်ရင် ဘယ်လိုဖြေရှင်းရမလဲ? “Your windows license will expire soon” ပေါ်ရင် ဘယ်လိုဖြေရှင်းရမလဲ?

• မိမိအသုံးပြုနေသော Microsoft Office Software/ Windows သည် License သက်တမ်းကုန်ဆုံးသွားပါက Microsoft Office Software/ Windows သွင်းခဲ့သော Service Center သို့ သွား၍ Activation ပြုလုပ်ရမည် ဖြစ်ပါသည်။
support@ilbc.edu.mm သို့ အီးမေးလ်ပို့၍ လည်း မေးမြန်းနိုင်ပါသည်။
• အီးမေးလ်ပို့ရာတွင် အောက်ပါအချက်များကို ဖော်ပြရပါမည်။
(၁) Student ID
(၂) ကျောင်းသားအမည်
(၃) နည်းပညာပိုင်းဆိုင်ရာ ကြုံတွေ့နေရသော
အခက်အခဲ
• (၄) ပြန်လည်ဆက်သွယ်ပေးရန် ဖုန်းနံပါတ်

33. Window မှာ မြန်မာဖောင့် မမှန်ရင် ဘယ်လိုလုပ်မလဲ?

• Windows key နှင့် “r” ကို တွဲနှိပ်ပေးပါ။
• Run box မှာ “control” ဟု ရိုက်ပေးပါ။
• Programs ထဲမှ Programs & Features ကိုရွေးပြီး ဇော်ဂျီကီးဘုတ်ကို အရင်ဆုံး Uninstall လုပ်ပေးပါ။
• Window 10 တွင် Window icon ကိုနှိပ်၍ Setting ကိုရွေးပြီးလျှင် Time & Language ကိုသွား၍ Language တွင် Add Language ကိုနှိပ်၍ Burmese ကိုရွေးပေးရပါမယ်။
• လိုအပ်သည့် Font များကို အောက်ပါလင့်ခ်မှတဆင့် Download ရယူနိုင်ပါတယ်။
https://unicodetoday.org/fonts/

34. Macbook မှာ မြန်မာစာ မမှန်ရင် ဘယ်လိုလုပ်မလဲ?

• ပြည်ထောင်စု Font ကို အောက်ပါလင့်ခ်မှတဆင့် Download ရယူပါ။
https://mcf.org.mm/pyidaungsu-font.html
• Keyboard ကိုအောက်ပါလင့်ခ်မှတဆင့် Download ရယူပါ။
https://github.com/thantthet/keymagic/releases/tag/macos-1.5.5
• System Preferences ထဲမှ Keyboard ကိုရွေးပါ။ ပြီးလျှင် Input sources မှ “+” icon ကို နှိပ်ပြီး Burmese ကိုရွေးပေးရပါမယ်။ ထို့နောက် Myanmar နှင့် Myanmar – QWERTY ပေါ်လာပါက Myanmar ကိုသာ ရွေးချယ်ပေးရပါမည်။ ပြီးလျှင် ကွန်ပျူတာကို Restart ချပေးရပါမည်။
• Zawgyi Font သုံးနေပါက Command နဲ့ Space ကို အတူတွဲနှိပ်ပေးပါ။ Font Book လို့ ရိုက်ပေးပါ။ ဇော်ဂျီဖောင့်ကို အရင်ဆုံး Disable (သို့) Remove လုပ်ပေးပါ။ ပြီးလျှင် Font Book ထဲသို့ ပြည်ထောင်စု Font ကို ထည့်ပေးရပါမည်။

35. Laptop မှာ Microphone နဲ့ Camera အလုပ်မလုပ်ရင် ဘယ်လိုလုပ်ရမလဲ?

• “Type here to search” ထဲမှာ Device Manager လို့ရိုက်ပြီး ဝင်လိုက်ပါ။
• Sound video and game controller ကိုရွေးပြီး Intel R Display audio ပေါ်မှာ Double Click နှိပ်ပြီး Driver Tab ကို သွားပြီး Update Driver ဆိုတာကို နှိပ်ပေးပါ။
• Camera ကိုရွေးပြီး Integrated camera ကို Double Click နှိပ်ပြီး Driver tab ကို သွားပြီး Update Driver ဆိုတာကို နှိပ်ပေးပါ။
• (အကယ်၍ Microphone နဲ့ Camera က အလုပ်မလုပ်သေးပါက Window Update လုပ်ပေးပါ (သို့) Window 10 ကို Reinstall လုပ်ပေးပါ)

36. Macbook မှာ Microphone ကို ဘယ်လို Allow ပေးမလဲ?

• Apple Menu ကို နှိပ်ပြီး System Preferences ကို ရွေးပါ။
• ထို့နောက် Security & Privacy ကို ရွေးပြီး Privacy ကို နှိပ်ပါ။ ထို့နောက် Microphone ကို နှိပ်ပြီး Microsoft Teams ဘေးမှာ အမှန်ခြစ်ပေးပါ။

37. I’m Not A Robot reCAPTCHA issue ဖြစ်ရင်ဘယ်လို Verify လုပ်ရမလဲ?

• I’m not a robot ဆိုတဲ့စာရဲ့ဘေးက Checkbox ကို Tick လုပ်ပေးပါ။
• ပြီးရင် ပေါ်လာမယ့် Box ရဲ့ အပေါ်နားလေးမှာ Instruction ပေးထားတဲ့အတိုင်း ပုံတွေကို Select မှတ်ပေးပါ။
• (ဥပမာ – Select all squares with Street signs) ဆိုရင် Street signs ပါတဲ့ အကွက်တွေကို Select လုပ်ပေးပြီးရင် ညာဘက်အောက်ထောင့်မှာရှိတဲ့ Verify ဆိုတဲ့ Button ကို နှိပ်ပေးရပါမယ်။

38. Computer ၊ Laptop တွေ Hang ပြီး ဘာမှလုပ်လို့မရတော့ရင် ဘယ်လိုလုပ်ရမလဲ?

• မိမိအသုံးပြုနေသော Computer (သို့) Laptop ၏ Power Button ကို (၅) စက္ကန့်မှ (၁၀) စက္ကန့် ကြာကြာဖိထားပေးပါ။ ပြီးလျှင် စက်ပြန်ဖွင့်ပြီး သုံးကြည့်ပေးပါ။
• အကယ်၍ Laptop ကိုအသုံးပြုနေလျှင် Battery ဖြုတ်/ပြန်တပ် လုပ်ပေးပါ။
• အထက်ပါလုပ်ဆောင်ချက်များ ပြုလုပ်သော် လည်း အဆင်မပြေလျှင် Service Center သို့သွား၍ Hardware ပိုင်းစစ်ဆေးရပါမည်။

39. Microsoft Teams ၏ Calendar ထဲကို ဝင်တဲ့အခါ “There was a glitch and we had to restart the app” ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ?

• မိမိအသုံးပြုနေသော Computer (သို့) Laptop ၏ Screen အောက်ခြေရှိ Taskbar ပေါ်မှ Show hidden icons ကိုနှိပ်ပါ။
• Microsoft Teams icon ပေါ်မှာ right click နှိပ်ပြီး Quit ကို နှိပ်ပေးပါ။
• ထို့နောက် Microsoft Teams ပြန်တက်လာသည့်အခါ ဘယ်ဘက် bar ပေါ်ရှိ Teams icon ကို နှိပ်ပေးပါ။