• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    IGCSE & A LEVEL SCHOOL

Technical Support FAQs

ILBC Home-based Learning Programme အတွက် Customer များအား
ILBC ဘက်မှ “၂၄နာရီ” အတွင်း အမြန်ဆုံးနှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။

(1) ILBC Home-based Learning Programme တွင်ပါဝင်ရန် ဘာ Device တွေကိုအသုံးပြုနိုင်မလဲ။

A: Mobile (Android or iOS) ၊ Tablet (Android or iOS) ၊ Laptop ၊ Desktop (Windows, Mac, Linux) နှင့် MacBook တစ်ခုခုကို အသုံးပြုနိုင်ပြီး Device မျိုးစုံနှင့် အဆင်ပြေပါသည်။

(2) ILBC Home-based Learning Programme ကို ဘယ်လိုအသုံးပြုနိုင်မလဲ။

A: အသုံးပြုနည်းအဆင့်ဆင့် –

  • ပထမဦးဆုံး www.office.com ထဲသို့ဝင်ပါ။
  • Sign in ကိုနှိပ်ပါ။ Sign in ဝင်ရန် အောက်ပါ YouTube Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
    https://youtu.be/qx8xHpRMFHU
  • ILBC မှ Microsoft Office 365 လိုင်စင်ရှိပြီးသား ကိုယ်ပိုင် Email အကောင့်တစ်ခုစီကို Online Regestration ပြီးသည့်နောက်တွင် ကျောင်းသားတစ်ဦးချင်းစီအတွက် ဖွင့်ပေးပါမည်။ ကျောင်းမှဖွင့်ပေးသည့် မိမိကိုယ်ပိုင် Email ဖြင့်ဝင်ပါ။
    (ဥပမာ – မိမိကိုယ်ပိုင် StudentID@ilbc.edu.mm – 1234567890@ilbc.edu.mm)
  • Email Password ကိုမှန်ကန်စွာ ဖြည့်စွက်ပါ။
  • www.office.com ထဲရှိ App များကိုအသုံးပြုနိုင်ပြီဖြစ်ပါသည်။

(3) ILBC HBL အစီအစဥ်တွင် သင်ကြားသင်ယူမှုပြုလုပ်သည့်အခါ မိမိတို့၏အကောင့် Secure ဖြစ်စေရန် Login ဝင်ပြီးနောက် ပြုလုပ်ရမည့်အချက်များ။

A: မိမိ၏ Username နှင့် Password ကိုဝင်ပြီးပါက အောက်ပါလင့်ခ်ထဲရှိ Video တွင်ဖော်ပြထားသည့် အဆင့်များအတိုင်း လုပ်ဆောင်ရပါမည်။
https://youtu.be/Q55g8Zk2Y7U

(4) ILBC HBL အစီအစဥ်တွင် Email စစ်ရန် ဘာကိုအသုံးပြုနိုင်မလဲ။

A: www.office.com ထဲရှိ “Outlook App” ကိုအသုံးပြု၍ Email စစ်နိုင်ပါသည်။
“Outlook App” ကိုဝင်သည့်အခါ Time Zone ကိုဖြည့်စွက်ခိုင်းပါက Time Zone in Myanmar – Yangon (GMT + 6:30) ကိုထည့်ပါ။

(5) ILBC HBL အစီအစဥ်တွင် သင်ကြားသင်ယူမှုပြုလုပ်ရန် ဘာကိုအသုံးပြုမလဲ။

A: “Microsoft Teams App” ကို အသုံးပြုပါမည်။

(6) “Microsoft Teams App” ကို Download ဆွဲရန် ဘာတွေလိုအပ်မလဲ။

A: “Microsoft Teams App” ကို Download ဆွဲရန် –

  • PC နှင့် Laptop တွင် OS Version မှာ Window 10 ကို အသုံးပြုပါက ပိုအဆင်ပြေပါသည်။ (Window 7 & 8ကိုလည်း အသုံးပြုနိုင်ပါသည်။)
  • Android Phone နှင့် Tablet Version တွင် အနည်းဆုံး 6.0 နှင့်အထက်
  • iOS Version တွင် အနည်းဆုံး 10.0 နှင့်အထက် ဖြစ်ရပါမည်။
  • Macbook ဖြင့်လည်း အသုံးပြုနိုင်ပါသည်။

(7) ကွန်ပြူတာဖြင့် သင်ကြားသင်ယူမှုပြုလုပ်ရန် လိုအပ်ချက်များ။

A: ကွန်ပြူတာဖြင့်သင်ကြားသင်ယူမှုပြုလုပ်မည်ဆိုပါက –

  • Computer Processor Dual Core နှင့်အထက်ရှိရပါမည်။
  • ကွန်ပြူတာအသစ်ဝယ်မည်ဆိုပါက Solid State Drives “SSD” Hard Disk ပါပါက ပိုပြီးအဆင်ပြေပါသည်။
  • Memory 4Gb နှင့်အထက်
  • Microphone နှင့် WebCam ရှိရပါမည်။
  • အင်တာနက် ရှိရပါမည်။

(8) “Microsoft Teams App” ကို Download ရယူရန် ဘယ်လိုလုပ်ဆောင်နိုင်မလဲ။

A: မိမိအသုံးမည့် Device အမျိုးအစားအလိုက် ‌အောက်ပါလင့်ခ်မှတစ်ဆင့် Download ရယူပါ။

(9) ILBC HBL အစီအစဥ်တွင် သင်ကြားသင်ယူမှုပြုရာ၌ Internet Speed ဘယ်လောက်ရှိဖို့လိုအပ်မလဲ။

A: Microsoft O365 အတွက် Internet Speed သည် 1Mbps နှင့်အထက် ရှိလျှင် ပို၍အဆင်ပြေပြီး Mobile Data Hotspot ဖြင့်လည်းအသုံးပြုနိုင်ပါသည်။ မိမိ၏ Internet Speed ကို https://fast.com/ တွင်ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
Mobile Data Hotspot ဖြင့်အသုံးပြုသည့်အခါ Internet ကုန်ကျစရိတ် သက်သာစေရန် Window 10 တွင် Wifi Icon ကို သွားပြီး မိမိပေးထားသော Wifi Hotspot Name ၏ Properties ကိုနှိပ်ပါ။ ထို့နောက်တွင် Metered Data Connection ကို “On” ပေးရပါမည်။ Metered Data Connection ကို “On” ရန် အောက်ပါလင့်ခ်တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
https://youtu.be/9POyk8Vmn3I

(10) ILBC HBL အစီအစဥ်တွင် ILBC မှ ကျောင်းသားတစ်ဦးချင်းစီအတွက် စီစဥ်ပေးထားသည့် Cloud Storage ဘယ်လောက်ရှိပါသလဲ။

A: ILBC သည် အီလက်ထရွန်နစ်ဆက်သွယ်ရေးမျိုးစုံကိုသုံး၍ သင်ကြားပေးနိုင်သည့်
ILBC Home-based Learning Programme တွင်ကျောင်းသားနှင့်ဆရာတစ်ဦးချင်းစီအတွက် အချက်အလက်သိမ်းဆည်းနိုင်မှုပမာဏ (Cloud Strage) 1 Terabyte (1000 GB) Microsoft One Drive သုံး၍ သင်ယူနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ပါသည်။

(11) Microsoft Account တစ်ခုကို Device ဘယ်နှခုနှင့် အသုံးပြုနိုင်ပါမည်လဲ။

A: စာသင်ကြားခြင်းနှင့် Meeting ပြုလုပ်ခြင်းအချိန်များမှလွဲ၍ ကျန်အခြေအနေများတွင် Device တစ်ခုထက်ပို၍ အသုံးပြုနိုင်ပါသည်။

(12) ILBC HBL အစီအစဥ်နှင့်ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြုံလာပါက ဘယ်ကိုဆက်သွယ်ပြီး အကူအညီတောင်းနိုင်မလဲ။

A: ILBC Home-based Learning Programme တွင် User account information နှင့် နည်းပညာအပိုင်းများအခက်အခဲရှိပါက Support Team မှ ရုံးအချိန်အတွင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ၂၄နာရီအတွင်း ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

ILBC Support Team သို့

  • Email:📧 support@ilbc.edu.mm၊ teamadmin@ilbc.edu.mm
  • 📱 Viber +959777711112
  • ☎️ Mobile: 09 777711112, 09 887887717, 09 887887727, 09 777092000

သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

(13) “Microsoft Teams App” အတွက် အသေးစိတ်သိရှိလိုပါက‌ အောက်ပါလင့်ခ်တွင် Video ကို ဝင်‌ရောက်ကြည့်ရှုနိုင်ပါသည်။

https://youtu.be/W-La0cigkqg

Rain or Shine, Learning Always Continues at ILBC.