• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    IGCSE & A LEVEL SCHOOL

ILBC HBL – S4

၂၀၂၀-၂၀၂၁ စာသင်နှစ်အတွက် ၂၀၂၀ ခုနှစ် မေလ (၁၈) ရက်နေ့တွင် စတင်မည့် Home-based Learning
အစီအစဉ်၏ နှစ်ပတ်ကြာ အခမဲ့သင်တန်းတွင် တက်ရောက်ရန် Online မှ စာရင်းပေးသွင်းထားသော
ကျောင်းသားများနှင့် ကျောင်းသားမိဘများသိရှိရန်လိုသည့် သတင်းအချက်အလက်များ

<English Version>


သင်တန်း ပထမပတ်အတွက် ရည်မှန်းချက် –

  • Home-based Learning သင်ယူမှုအစီအစဉ်တွင် ဆရာနှင့် ကျောင်းသားတို့ သင်ကြားသင်ယူမှု အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်မည့်ကျောင်းသား တစ်ဦးမကျန် Microsoft Teams Application ကို ပြည့်စုံစွာနားလည်အသုံးပြုတတ်စေရန် မိဘ၊ ဆရာနှင့် ကျောင်းသားတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိရောက်သော သင်ယူမှုပတ်၀န်းကျင် ဝိုင်းဝန်းတည်ဆောက်ရေး။
  1. သင်တန်းပထမပတ် ကြာမြင့်ချိန် – ၂၀၂၀ ခုနှစ် မေလ (၁၈) ရက်မှ ၂၀၂၀ခုနှစ် မေလ (၂၂) ရက်နေ့အထိ။
  2. သင်ကြားသင်ယူချိန် –

    • Kindergarten မှ Primary 4 အထိ အတန်းများကို နံနက် (၉း၀၀) နာရီမှ နံနက် (၁၁း၀၀) နာရီ အထိပို့ချမည်။ (တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လျှင် (၅) ရက်)
    • Primary 5 မှ Secondary 6 အထိ အတန်းများကို နေ့လည် (၁၂း၃၀) နာရီမှ နေ့လည်(၂း၃၀) နာရီအထိ ပို့ချမည်။ (တနင်္လာနေ့မှ သောကြာနေ့ထိ တစ်ပတ်လျှင် (၅) ရက်)
  3. ပါဝင်တက်ရောက်ရမည့်အတန်းများ – KG မှ Secondary 6 အထိ အတန်းများအားလုံး။
  4. ပါဝင်တက်ရောက်ခွင့်ရသည့်ကျောင်းသားများ – ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် HBL အစီအစဉ်၏ အခမဲ့နှစ်ပတ်သင်တန်းအတွက် အွန်လိုင်းမှ Registration ပြုလုပ်ပြီးသော IGCSE (Mon-Fri) ပုံမှန်ကျောင်းသားများ အားလုံး။
  5. ပို့ချရာတွင် အသုံးပြုမည့် ဘာသာစကား – KG မှ Primary 3 အထိ အတန်းငယ်များကို ပို့ချရာတွင် အင်္ဂလိပ် ဘာသာစကားကို အဓိကဘာသာစကားအဖြစ် အသုံးပြုပို့ချမည်ဖြစ်သည်။ (ခြွင်းချက် – အွန်လိုင်းတွင် သင်ယူနေစဉ် နည်းပညာဆိုင်ရာအခက်အခဲကြောင့် လိုအပ်ပါက ကျောင်းသားငယ်များအတွက် မြန်မာဘာသာစကားဖြင့် ဖြည့်စွက်၍ (Bilingual) သုံးစွဲသွားမည်ဖြစ်သည်။
    Primary 4 မှ စ၍ Secondary 6 အထိ အတန်းများအားလုံးတွင် အင်္ဂလိပ်ဘာသာကို အဓိက ဘာသာစကားအဖြစ် အသုံးပြုပို့ချမည်ဖြစ်သည်။


HBL အစီအစဉ်၏ ပထမပတ်တွင် သင်ကြားလေ့ကျင့်ရမည့် အကြောင်းအရာများ

  • Home-based Learning သင်ယူမှုပတ်ဝန်းကျင် တည်ဆောက်ရန်အတွက် ဆရာနှင့် ကျောင်းသား ဆက်သွယ်မှု ချောမွေ့စေရန် ဆရာနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုက်ပါလေ့ကျင့်ခြင်း။
  • Home-based Learning သင်ယူမှုပတ်ဝန်းကျင်တွင် ကျောင်းသား၊ ဆရာ နှင့် မိဘများ သိရှိရန်လိုသည့် ဆောင်ရန်ရှောင်ရန်များ လေ့လာခြင်း။


အွန်လိုင်းသုံးစွဲ၍ သင်ယူမှုပြုရာတွင် ကြုံတွေ့ရနိုင်သော နည်းပညာဆိုင်ရာ မတော်တဆဖြစ်မှုများ

  • User Name နှင့် Password ရေးသွင်းမှု မှားယွင်းခြင်းကြောင့် HBL စာသင်အတန်းသို့ ဝင်ရောက်၍ မရခြင်း။
    – User Name နှင့် Password ကို မှန်ကန်စွာ ပြန်လည်ရေးသွင်းပါ။
  • မတော်တဆ ခလုပ်မှားနှိပ်၍ မိမိအသံကို တစ်ဖက်မှ မကြားရခြင်း။
    – မိမိအသံကို တစ်ဖက်မှ မကြားရလျှင် Microphone ကို ပြန်စစ်၍ ပြန်ဖွင့်ပါ။
  • မတော်တဆ ခလုပ်ပိတ်ထားမိ၍ မိမိရုပ်ကို တဖက်မှ မမြင်ရခြင်း။
    – ဗီဒီယိုကင်မရာကို ပြန်စစ်၍ ပြန်ဖွင့်ပါ။
  • ဖုန်းချသည့်ခလုပ်ကို မတော်တဆနှိပ်မိ၍ HBL အွန်လိုင်းအတန်းမှထွက်သွားခြင်း။
    – မိမိအတန်း၏ TEAMS အတွင်းသို့ Join ခလုပ်နှိပ်၍ ပြန်လည်ဝင်ရောက်ပါ။


အွန်လိုင်းသုံးစွဲ၍ သင်ယူမှုပြုရာတွင် ကြုံတွေ့ရနိုင်သော နည်းပညာဆိုင်ရာ အားနည်းချက်များ

  • သင်ယူသူဘက်မှ အသုံးပြုသော Internet လိုင်းအား ကျသွားသည့်အခါ ခေတ္တစောင့်ဆိုင်းပြီး လိုင်းအားပြန်တက်သည့်အခါ ဆက်လက်သင်ယူနိုင်ပါသည်။ အိမ်ရှိ Wifi လိုင်းကျသွားပါ Telephone မှ Personal Hotspot လွှင့်တင်၍ ဆက်လက်သင်ယူနိုင်ပါသည်။
  • သင်ယူသူအသုံးပြုသည့် Device များ သုံးစွဲနေစဉ် ရပ်တန့်သွားပါက Device ကို Restart လုပ်၍ ပြန်လည် ဝင်ရောက်ဆက်လက်သင်ယူနိုင်ပါသည်။
  • နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက ILBC Technical Support Team သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

Email:📧 support@ilbc.edu.mm၊ teamadmin@ilbc.edu.mm
📱 Viber +959777711112
☎️ Mobile: 09 777711112, 09 887887717, 09 887887727, 09 777092000
သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


အွန်လိုင်းသုံးစွဲ၍ သင်ယူမှုပြုရာတွင် သတိပြုရမည့် လျှပ်စစ်ပိုင်းဆိုင်ရာ အချက်အလက်များ

  • လျှပ်စစ်မီးသုံးစွဲရာတွင် သင်ယူသူ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဦးစားပေးဆောင်ရွက်ထားရမည်။
  • သင်ယူသူဘက်မှ သင်ယူနေစဉ် လျှပ်စစ်မီးပြတ်တောက်သွားပါက ဆက်လက်သင်ယူနိုင်ရေးအတွက် Device များ၏ ဘက်ထရီများကို ရာနှုန်းပြည့် ကြိုတင်အားသွင်းထားရမည်။
  • သင်ယူသူဘက်မှ သင်ယူနေစဉ် လျှပ်စစ်မီးပြတ်တောက်သွားပါက Laptop သို့မဟုတ် Desktop သုံးစွဲသင်ယူခြင်းမှ Tablet သို့မဟုတ် Mobile Phone များဖြင့် ဆက်လက်သင်ယူနိုင်ပါသည်။

၂၀၂၀-၂၀၂၁ စာသင်နှစ်အတွက် ၂၀၂၀ ခုနှစ် မေလ (၁၈) ရက်နေ့တွင် စတင်မည့် Home-based Learning
အစီအစဉ်၏ နှစ်ပတ်ကြာ အခမဲ့သင်တန်းတွင် တက်ရောက်ရန် Online မှ စာရင်းပေးသွင်းထားသော
ကျောင်းသားများနှင့် ကျောင်းသားမိဘများသိရှိရန်လိုသည့် သတင်းအချက်အလက်များ


သင်တန်း ဒုတိယပတ်အတွက် ရည်မှန်းချက် –

  • Home-based Learning သင်ယူမှုအစီအစဉ်တွင် ဆရာနှင့် ကျောင်းသားတို့ သင်ကြားသင်ယူမှု အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်မည့်ကျောင်းသား တစ်ဦးမကျန် ဆရာနှင့်ကျောင်းသားတို့ သင်ကြားသင်ယူမှုတွင် အသုံးပြုလျှက်ရှိသည့် Microsoft Teams Application ကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ဘာသာရပ်အသီးသီးကို အကြိုမိတ်ဆက်ရင်း ဆက်လက်လေ့ကျင့်ကြရန်။
  1. သင်တန်း ဒုတိယပတ် ကြာမြင့်ချိန် – ၂၀၂၀ ခုနှစ် မေလ (၂၅) ရက်မှ ၂၀၂၀ခုနှစ် မေလ (၂၉) ရက်နေ့အထိ။
  2. သင်ကြားသင်ယူချိန် –

    • Kindergarten မှ Primary 4 အထိ အတန်းများကို နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီ အထိပို့ချမည်။ (တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ်လျှင် (၅) ရက်)
    • Primary 5 မှ Secondary 6 အထိ အတန်းများကို နေ့လည် (၁၂း၃၀) နာရီမှ ညနေ (၄း၃၀) နာရီအထိ ပို့ချမည်။ (တနင်္လာနေ့မှ သောကြာနေ့ထိ တစ်ပတ်လျှင် (၅) ရက်)
  3. ပါဝင်တက်ရောက်ရမည့်အတန်းများ – KG မှ Secondary 6 အထိ အတန်းများအားလုံး။
  4. ပါဝင်တက်ရောက်ခွင့်ရသည့်ကျောင်းသားများ – ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် HBL အစီအစဉ်၏ အခမဲ့နှစ်ပတ်သင်တန်းအတွက် Online မှ Registration ပြုလုပ်ပြီးသော IGCSE (Mon-Fri) ပုံမှန်ကျောင်းသားများ အားလုံး။

၂၀၂၀ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှ မေလ (၂၉)ရက်နေ့အထိ ကြာမြင့်မည့် Home-based Learning Program ၏ ဒုတိယပတ်တွင် Microsoft Teams Application အသုံးပြုသင်ယူမှု ပိုမိုကျွမ်းကျင်လာစေရန် အောက်ပါ ဘာသာရပ်များကို ဖော်ပြပါစာသင်ချိန် အကြိမ်ရေများအတိုင်း သင်ကြားသွားမည်ဖြစ်ပါသည်။

Secondary 4

Subjects – Myanmarsar, English, Mathematics, Chemistry, Physics, Health and Fitness

Period(s) per Week – Myanmar (1 period), English (5 periods), Mathematics (5 periods), Physic (5 periods), Chemistry (3 periods), Health and Fitness (1 period)

Timetable – Secondary 4 အတန်းများအတွက် အတန်းခွဲအလိုက်အသုံးပြုမည့် အချိန်ဇယားများကို ၂၀၂၀ ခုနှစ်၊ မေလ (၂၂)ရက်နေ့တွင် ကျောင်းသားများ၏ Microsoft Teams ၏ Calendar Menu တွင် ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းစီအတွက် စာသင်ကြားရေးအတွက် ILBC မှ ဖွင့်လှစ်ပေးထားသော E-mail (Example : xxxxxxxxxx @ilbc.edu.mm) များသို့ လည်း ပေးပို့သွားမည်ဖြစ်၍ ဖွင့်လှစ်ကြည့်ရှုနိုင်ပါသည်။ တစ်ပတ်စာအချိန်ဇယားသည် အကြောင်းအားလျှော်စွာ ပြောင်းလဲနိုင်ပါသည်။ (Timetables are subject to change.)

  • စာသင်ချိန် တစ်ချိန် : (၁)နာရီ ကြာမြင့်မည်။
  • စာသင်ချိန် (၁)နာရီတိုင်းတွင် ကိုယ်လက်လှုပ်ရှားရန်၊ လမ်းလျှောက်ရန်၊ အပေါ့အပါးသွားရန် အစရှိသည့် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် (၁၀)မိနစ် နားချိန်ပါဝင်မည်။
  • စာသင်ချိန်တစ်ချိန်အတွက် အသားတင်သင်ယူချိန် မိနစ် (၅၀) ရှိမည်။

(တစ်နေ့လျှင်သင်ကြားမည့် စာသင်ချိန်စုစုပေါင်း (၄)ချိန်ရှိမည်ဖြစ်ပြီး၊ တစ်ပတ်လျှင် စာသင်ချိန် (၂၀)ချိန်ဖြင့် တစ်လအတွက် စာသင်ချိန် (၈၀) ရှိမည်ဖြစ်ပါသည်။)

Textbook – Textbook ပါအကြောင်းအရာများ အပါအ၀င် အခြားသော သင်ကြားမှုဆိုင်ရာ အထောက်အကူပြု (Class Materials) ကွန်ပျူတာဖိုင်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ စသည့် တို့ကို လိုအပ်ချက်အလိုက် ကြိုတင်၍ (သို့မဟုတ်) နေ့စဉ် (သို့မဟုတ်) အပတ်စဉ် တင်ပေးထားမည်ဖြစ်သဖြင့် Microsoft Teams ၏ Files Tab အောက်တွင်ရှိသော Class Materials Folder ထဲတွင် ရယူနိုင်မည်ဖြစ်ပါသည်။ Home-based Learning ကာလအတွင်း Paper Textbook များ အသုံးပြုမည်မဟုတ်ပါ။ ကျောင်းပြန်ဖွင့်သောအခါ Paper Textbook များကို ပြန်လည်အသုံးပြုသွားမည်ဖြစ်ပါသည်။

Assignment – Assignment များကို Microsoft Teams Menu ရှိ Assignment Tab တွင် ပေးထားမည်ဖြစ်ပြီး ကျောင်းသားက ကွန်ပျူတာတွင် ပြီး‌မြောက်အောင်ဆောင်ရွက်ပြီးသည်နှင့် “Turn in” ခလုပ်ကိုနှိပ်ခြင်းဖြင့် ပြန်လည်ပေးပို့နိုင်မည်ဖြစ်ပြီး ဆရာမှ ထိုအဖြေလွှာကို စစ်ဆေးအကဲဖြတ်အမှတ်ပေးပြီး ပြန်လည်ပေးပို့မည် ဖြစ်ပါသည်။

Face to Face Engagement Period – Microsoft Teams အသုံးပြု၍ သင်ကြားချိန်အတွင်း ကျောင်းသားအချင်းချင်း အွန်လိုင်းမှ မြင်တွေ့ဆွေးနွေးခြင်း သို့မဟုတ် ဆရာနှင့်ကျောင်းသား(များ) အွန်လိုင်းမှ မြင်တွေ့ဆွေးနွေးခြင်း (Group Discussion) အစီအစဉ်ကို ဘာသာရပ်တစ်ခုစီအတွက် အပတ်စဉ် (၁) ချိန် စီစဉ်ထားရှိ၍ နားမလည်သည်များကို ဆရာမှ တိုက်ရိုက်ရှင်းလင်း သင်ပြပေးမည်ဖြစ်ပါသည်။

A Single Class Size – Maximum number of student (25)

Video Conferencing Class Size – Microsoft Teams ၏ Video Conferencing Feature သည် ဆရာ (၁၂) ဦးနှင့် အများဆုံး ကျောင်းသား (၂၅၀) အထိ အတူတကွ ပူးပေါင်းလေ့လာသင်ယူရန် လိုအပ်သောအခါ အသုံးပြုနိုင်စေရန် ပုံစံပြုထားသော Application ဖြစ်သည်။ Primary 5 မှစ၍ Secondary 6 အထိ ကျောင်းသားများကို သင်ကြားရာတွင် လိုအပ်သည့်အခါ Level တူ အတန်းချင်း ပူပေါင်း၍ အသုံးပြုမည်ဖြစ်သည်။

Meeting chat – Meeting chat သည် ကျောင်းသားများ မေးလိုသောမေးခွန်းများရှိလျှင် Meeting chat တွင် ရိုက်နှိပ်၍ မေးရန်အတွက်သော်လည်းကောင်း၊ ဆရာများက ကျောင်းသား၏မေးခွန်းကို ရေးသားရှင်းလင်းဖြေဆိုရာတွင် လည်းကောင်း၊ ဆရာက ကျောင်းသား၏ထင်မြင်ချက် တောင်းဆိုသည့်အချိန်တွင် ကျောင်းသား၏ ထင်မြင်ချက်ကို Meeting chat မှ တစ်ဆင့် ဆရာထံသို့ပေးပို့ရာတွင်လည်းကောင်း ဆရာနှင့် ကျောင်းသားတို့၏ ရေးသား မေးဖြေရာ နေရာဖြစ်ပါသည်။ Meeting chat တွင် ဆရာနှင့်ကျောင်းသားတို့ အပြန်အလှန်ပေးပို့ရန်လိုသော ဖိုင်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုကလစ်များ၊ အဖြေလွှာများ၊ စစ်ဆေးထားချက်များ အစရှိသည်တို့ကို ပေးပို့၍ သင်ခန်းစာများကို တိုတောင်းသောအချိန်အတွင်း ပိုမိုနားလည်တတ်ကျွမ်းစေသည်။

Message Book – ILBC ကျောင်းတွင် အစဉ်တစ်စိုက်သုံးစွဲခဲ့သော မိဘနှင့်ဆရာဆက်သွယ်ရေး လမ်းကြောင်းဖြစ်သည့် Message book ၏နေရာတွင် မိမိရင်သွေးတက်ရောက်နေသော Microsoft Teams Class အတွင်းရှိ Posts မှတစ်ဆင့် ဆရာများနှင့်မိဘတို့ အပြန်အလှန်ရေးသား ဆက်သွယ်နိုင်မည်ဖြစ်သည်။

Group Learning – Group Learning သင်ကြားမှုတွင် Level တူ အတန်းများ လိုအပ်သလိုပေါင်းစပ်၍ ကျောင်းသားတို့ လုပ်ကိုင်ရမည့် Posts, Files, Class Notebook, Assignments, Grades များကို ကောင်းစွာနားလည်စေရန်နှင့် မည်သို့ပြီး‌မြောက်အောင် ဆောင်ရွက်ရမည်ကို ဆရာများမှ Video Conferencing ဖြင့် သင်ကြားပေးမည်ဖြစ်သည်။ Group Learning တွင် သင်ကြားနေသူ ဆရာ ဆရာမများအား နားမလည်သည်များရှိ၍ ကြားဖြတ်မေးခွန်းမေးလိုပါက နှုတ်ဖြင့်မေးခွင့်မပြုထားဘဲ Microsoft Teams ၏ Chatbox တွင် မိမိမေးလိုသည့်မေးခွန်းကို ရိုက်ထည့်၍ မေးမြန်းနိုင်သည်။ မေးမြန်းထားသည့် မေးခွန်းများအတွက် ဆရာ ဆရာမတို့က ကျောင်းသားများ အားလုံး ကြားသိစေရန် ပြန်လည်ဖြေကြားပေးမည်ဖြစ်သည်။

Assessment –  အကဲဖြတ်စစ်ဆေးခြင်းကို Microsoft Teams တွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းသား၏ အတန်းချိန်အတွင်း လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို အောက်ပါကဏ္ဍများအလိုက် အကဲဖြတ်စစ်ဆေးခြင်းရလာဒ်ကို မိဘများသို့ ပေးပို့သွားမည်ဖြစ်ပါသည်။

  1. Digital Activity : Digital Activity ဆိုသည်မှာ ကျောင်းသားသည် Microsoft Teams ကို အသုံးပြု၍ သင်ယူနေသော အချိန်ကို ပျမ်းမျှယူ၍ ရာနှုန်းအားဖြင့် အကဲဖြတ်စစ်ဆေးရလဒ်ဖြစ်သည်။ ထိုရလာဒ်သည် ၁၀၀ ရာနှုန်းဖြစ်ပါက ကျောင်းသား၏ သင်ယူမှု အကောင်းဆုံးဖြစ်သည်။
  2. Average Grade : Average Grade ဆိုသည်မှာ ဘာသာရပ်အလိုက် ပြီးမြောက်အောင် လုပ်ကိုင်ရမည့် သင်ခန်းစာများကို မည်မျှပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်ကို အကဲဖြတ်စစ်ဆေးခြင်းဖြစ်သည်။ အကဲဖြတ်စစ်ဆေးခြင်း၏ ရလဒ်သည် ၁၀၀ ရာနှုန်းဖြစ်ပါက ဘာသာအားလုံးတွင် ပြီးမြောက်အောင် လုပ်ကိုင်ရမည့်သင်ခန်းစာများ အားလုံးပြီးမြောက်သည်ဟု ဆိုလိုသည်။
  3. On-time Assignments : On-time Assignments ဆိုသည်မှာ ကျောင်းသားက ပြီးမြောက်အောင် လုပ်ကိုင်ရမည့် သင်ခန်းစာပေးအပ်ခြင်း Assignment ကို သတ်မှတ်ချိန်အတွင်း အချိန်မီ တင်ပြနိုင်ခြင်း ရှိမရှိ အကဲဖြတ်စစ်ဆေးခြင်းဖြစ်သည်။ အကဲဖြတ်စစ်ဆေးခြင်း၏ ရလဒ်သည် ၁၀၀ ရာနှုန်းဖြစ်ပါက ကျောင်းသားသည် မိမိပြီးမြောက်အောင်လုပ်ကိုင်ရမည့် သင်ခန်းစာများကို အချိန်မီပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်ဟု ဆိုလိုသည်။
  4. Average Time for Feedback : Average Time for Feedback ဆိုသည်မှာ ကျောင်းသားက ဆရာမှ စစ်ဆေးပြီး ပြန်လည်ပေးပို့သော သင်ခန်းစာများကို ပြန်လှန်လေ့လာစစ်ဆေးရာတွင် ကြာမြင့်ချိန် ဖြစ်သည်။
  5. Communication Activity : Communication Activity ဆိုသည်မှာ ဆရာနှင့်ကျောင်းသားဖြစ်စေ၊ ကျောင်းသားအချင်းချင်းဖြစ်စေ၊ နားမလည်သော သင်ခန်းစာများကို မေးမြန်းခြင်း၊ သင်ခန်းစာအပေါ် မိမိ၏ထင်မြင်ချက်ပေးခြင်း၊ အုပ်စုလိုက်ဆွေးနွေးခြင်းများတွင် တုန့်ပြန်ဆွေးနွေးခြင်း၊ သင်ခန်းစာနှင့် ပတ်သက်သည့် Post များ‌ရေးတင်ခြင်း စသည့်လုပ်ငန်းများ အကြိမ်ရေမည်မျှ လုပ်ကိုင်ခဲ့သည်ကို အကဲဖြတ်စစ်ဆေးခြင်း ဖြစ်သည်။ အကဲဖြတ်စစ်ဆေးခြင်း၏ ရလဒ် အကြိမ်ရေများပါက ကျောင်းသား၏ Interpersonal Intelligence နှင့် Social Skill ကောင်းမွန်သည်ဟု ဆိုလိုသည်။

နောက်တစ်တန်းသို့ဆက်လက်တက်ရောက်ခွင့် – ကျောင်းသားတစ်ဦးသည် နောက်တစ်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရရန် အောက်ပါအချက်အလက်တို့ပြည့်စုံရမည်။

  1. ကျောင်းခေါ်ချိန် အနည်းဆုံး (၇၅) ရာခိုင်နှုန်းပြည့်မီရမည်။

    ကျောင်းခေါ်ချိန်ပြည့်မီစေရန် ကျောင်းသားသည် ၄င်း၏ Teams Class အတွင်းသို့ Join ၍ ဝင်ရောက်လာရမည်။

  2. အကဲဖြတ်စစ်ဆေးခြင်းရလဒ်များသည် (၅၀) ရာခိုင်နှုန်းနှင့်အထက် ရှိရမည်။

    အကဲဖြတ်စစ်ဆေးခြင်းရလဒ်များ ကောင်းမွန်စေရန် Assignment များကို မှန်ကန်ပြီးမြောက်အောင် ‌ဆောင်ရွက်၍ ဆရာထံသို့ ပေးပို့ရမည်ဖြစ်သည်။

ကျောင်းခေါ်ချိန် – ကျောင်းခေါ်ချိန်ကို Microsoft Teams Application မှ အလိုအလျှောက် မှတ်တမ်းတင်ပေးထားသော ကျောင်းခေါ်ချိန်မှတ်တမ်းနှင့် ဆရာက ကိုယ်တိုင်စစ်ဆေးကောက်ယူသော စာရင်းမှတ်တမ်းတို့ တိုက်ဆိုင်စစ်ဆေး၍ ကျောင်းခေါ်ချိန်ကို သတ်မှတ်မည်ဖြစ်ပါသည်။

ပျက်ကွက်သင်ခန်းစာ – အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသားမှ ပျက်ကွက်သင်ခန်းစာများရှိခဲ့ပါက ပျက်ကွက်သင်ခန်းစာအတွက် ရည်ရွယ်၍တင်ထားသော ဆရာ၏ပို့ချချက် အသံသွင်းမှတ်တမ်းအကျဉ်းချုပ်ကို ပြန်လည်နားထောင်၍ ပေးအပ်ထားသော ဆောင်ရွက်ရန်လုပ်ငန်းများ (Assignment, Quiz, Homework) တို့ကို ပြီးမြောက်အောင် ဆောင်ရွက်၍ အချိန်မီ ပေးအပ်တင်ပြရမည်။

Home-based Learning အစီအစဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ထပ်မံကြေညာပါမည်။