• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    IGCSE & A LEVEL SCHOOL

မိဘများနှင့် အုပ်ထိန်းသူများထံသို့ ကျန်းမာ‌ရေးဆိုင်ရာ အသိပေးခြင်း

မိဘများနှင့် အုပ်ထိန်းသူများ

ILBC ကျောင်း၏ စာသင်ကြားရက်များတွင် ကျောင်းသူ/ကျောင်းသားများ ဖျားနာခြင်းနှင့်အများသူငှာ ကူးစက်တတ်သော ကျန်းမာရေးအခြေအနေများရှိပါက ကျောင်းတက်ရန်မလိုဘဲ လုံလောက်သော ကျန်းမာရေး ကုသခြင်းကိုခံယူပြီးမှ ကျောင်းပြန်တက်နိုင်ပါရန် ကျောင်းကျန်းမာရေးအဖွဲ့နှင့် ကျောင်းအုပ်ချုပ်ရေးမှ နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော COVID – 19 ဖျားနာ ချောင်းဆိုး ကူးစက်ရောဂါကြောင့် ကိုယ်အပူချိန်တက်ခြင်း ၊နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း အစရှိသည့် ရောဂါလက္ခဏာများရှိပါက စာမေးပွဲလာရောက်ဖြေဆိုရန် မလိုအပ်ဘဲ မိမိနေအိမ် သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများတွင်သာ ဆေးကုသမှုခံယူရန်ဖြစ်ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကျောင်းကျန်းမာရေးအဖွဲ့အနေဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အရေးကြီးသော စနစ်တကျ လက်ဆေးခြင်းကိစ္စများကို ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများကို စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိပါသည်။ ရောဂါကာကွယ်ရေးတွင်အရေးကြီးသော Hand Sanitizer (လက်သန့်ရှင်း အရက်ပျံ ဆေးများ)ကို ကျောင်းတိုင်းတွင် လုံလောက်စွာ စီစဉ်ပေးထားလျက်ရှိပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသားများ၏ နေ့စဉ် ပျက်ကွက်မှုစာရင်းကို ပုံမှန် စစ်ဆေးနေပြီး ထူးခြားသော ကျန်းမာရေးအခြေအနေအရ ပျက်ကွက်သော ကျောင်းသားမရှိပါ။
ကျောင်းကျန်းမာရေးဌာန နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ကျောင်းသူ/ကျောင်းသားများကို စာမေးပွဲချိန်ကာလအတွင်း ကိုယ်အပူချိန်တိုင်းခြင်း အစီအစဉ်ကို ပြုလုပ်ပေးမည် ဖြစ်ပါသည်။ ILBC ကျောင်းများတွင် ကျောင်းကျန်မားရေးဆရာဝန်များထားရှိပြီး လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါကြောင်းနှင့် လိုအပ်သောကြေငြာချက်များကိုလည်း ကျောင်း Website နှင့် Facebook များတွင် အချိန်နှင့် တစ်ပြေးညီ ကြေငြာပေးသွားမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့