• 01-542982, 545720, 549106, 400156
  • info@ilbc.edu.mm, recdept@ilbc.edu.mm
  • ILBC

    IGCSE & A LEVEL SCHOOL

Payment Instruction

ILBC Payment Instruction – KBZ QuickPay

ILBC ကျောင်းလခများကို KBZ ဘဏ်မှတဆင့် ပေးသွင်းရန်

 KBZ Bank

မိဘများ၊ ကျောင်းသူ/သားများအနေဖြင့် ILBC သို့ ကျောင်းလခများပေးသွင်းရာတွင် ကျောင်းသားနှင့် ပေးချေရမည့်ငွေပမာဏ ကိုက်ညီမှုရှိစေရန် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်းပေးရန် လိုအပ်ပါသည်။

ကျောင်းသားအမည်များသည် ဆင်တူရိုးမှားဖြစ်နိုင်သည့်အတွက် ကျောင်းလခပေးချေရာတွင် ကျောင်းသား ID နံပါတ်ကိုပါ ဖော်ပြပေးရပါမည်။

ယခုအခါ ကျောင်းသား ID အားလုံးသည် ဂဏန်း (၁၀)လုံးသာပါ၀င်ပါသည်။ အက္ခရာမပါဝင်ပါ။
(ဥပမာ – 1234567890)

KBZ QuickPay ဖြင့် ကျောင်းလခပေးချေရာတွင် –
KBZ QuickPay တွင် မိဘများ၊ ကျောင်းသူ/သားများအနေဖြင့် အသေးစိတ်အချက်အလက်များထည့်သွင်းရန် အကွက် (၆)ကွက်ပါဝင်ပါသည်။ (တစ်ဖက်ပါပုံတွင် ကြည့်ရှုရန်)

ကျောင်းသားနှင့် ကျောင်းလခပေးချေမှုများကိုက်ညီစေရန် လိုအပ်သည့်အချက်အလက်များဖြည့်သွင်းသည့်အခါ drop-down-selector ကို အသုံးပြုနိုင်ပါသည်။

အကွက် (၁) : Student ID – ကျောင်းသား IDဖြည့်ရန် (ယခုအခါ ကျောင်းသား ID အားလုံးသည် ဂဏန်း (၁၀)လုံးသာပါ၀င်ပါသည်။ အက္ခရာမပါဝင်ပါ။)
အကွက် (၂) : Grade – ကျောင်းသား၏အတန်း (drop-down-selector မှတဆင့် ရွေးချယ်ပါ။)
အကွက် (၃) : Class / Section – Class / Sectionကို drop-down-selector မှတဆင့် ရွေးချယ်ပါ။
အကွက် (၄) : School City – ကျောင်းတည်ရှိရာမြို့အမည် (ရန်ကုန်၊ မန္တလေး စသည်ကို drop-down-selector မှတဆင့် ရွေးချယ်ပါ။)
အကွက် (၅) : School Name – ကျောင်းအမည် (drop-down-selector မှတဆင့် ရွေးချယ်ပါ။)
အကွက် (၆) : Contact Number – ဆက်သွယ်ရန်ဖုန်းနံပါတ် (ကျောင်းလခပေးချေမှုအား မည်သူပြုလုပ်သည်ကို စစ်ဆေးရာတွင် ဆက်သွယ်နိုင်ရန်အတွက် ဖုန်းနံပါတ်လိုအပ်ပါသည်။)

KBZPay အသုံးပြုပုံအဆင့်ဆင့်ကို အောက်ပါvideoတွင် ကြည့်ရှုနိုင်သကဲ့သို့ ပေးထားသောလင့်ခ်မှတစ်ဆင့် downloadပြုလုပ်၍လည်း လေ့လာနိုင်ပါသည်။

KBZPay User Manual ကို downloadပြုလုပ်ရန်

DOWNLOAD HERE

   KBZPay User Manual